
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းတွေအဆင်ပြေချောမွေ့စေဖို့အတွက် သွင်းကုန်ပစ္စည်းအမယ် ၁၉၆ မျိုး ကို အွန်လိုင်းစနစ်နဲ့ လိုင်စင်လျှောက်ထားခွင့် ထပ်မံ တိုးမြှင့်ခွင့်ပြုပေးလိုက်ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနက ဧပြီ ၁ရက်နေ့ကစပြီး ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်တွေကို အွန်လိုင်းစနစ်နဲ့ ထုတ်ပေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ပထမအကြိမ်မှာ ပို့ကုန် HS Line ၇၃ လိုင်း၊ သွင်းကုန် HS Line ၉၁ လိုင်းလျှောက်ထားခွင့်ပြုခဲ့ပြီး ဒုတိယအကြိမ်မှာ သွင်းကုန် HS Line ၄၅၅ လိုင်းကို ထပ်မံတိုးမြှင့်ပြီး ခွင့်ပြုပေးခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
အခုတတိယအကြိမ်မြောက်အဖြစ်နဲ့သွင်းကုန် HS Line ၁၉၆ လိုင်းကို ဒီကနေ့ ဧပြီလ ၂၃ ရက်က စတင်ပြီး ထပ်မံတိုးမြှင့် ခွင့်ပြုပေးလိုက်တာဖြစ်ပြီး ခွင့်ပြုလိုက်တဲ့ အထဲမှာ စားသောက်ကုန်တွေနဲ့ သစ်သီဝလံတွေလည်း ပါဝင်ပါတယ်။
စိုးချစ်ပိုင်










