
COVID-19 ကပ်ရောဂါဘေးကာလ အရေးပေါ်ချေးငွေတောင်းခံတဲ့ တစ်နိုင်ငံလုံးက လျှောက်လွှာ ၃၀၀၀ ကျော် လက်ခံရရှိထားကာ အချက်အလက် စိစစ်ပြီး ပြည့်စုံတဲ့ လုပ်ငန်းတွေကို ချေးငွေတွေ စပေးနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးအောင်စိုးသာက ပြောပါတယ်။
လက်တလောမှာ အချက်အလက် ပြည့်စုံကိုက်ညီတဲ့ မြန်မာစီးပွားရေး လုပ်ငန်း ၈၀ ကျော်ကို ချေးငွေတွေထုတ်ပေးနေပြီးတော့ ကျန်နေသေးတဲ့ လျှောက်လွာတွေအတွက် အချက်အလက်တွေ စစ်ဆေးနေတာပါ။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုတွေ ခံစားနေရတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရက ထူထောင်ထားတဲ့ COVID-19 ရန်ပုံငွေ မြန်မာငွေကျပ် ၁၀၀ ဘီလီယံကနေ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
ချေးငွေလျှောက်လွှာတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၉ ရက် အထိ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ကုန်သည်/စက်မှုအသင်းတွေမှာ လာရောက်တင်ပြမှုတွေအရ အသေးစားအလတ်စားလုပ်ငန်းတွေနဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။











