DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းနှင့် ပြည်နယ်ရဲချုပ်၏ PSO တို့တွင် COVID-19 ရောဂါ မတွေ့ရှိ 
DVB
·
April 23, 2020
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းနှင့် ပြည်နယ်ရဲချုပ်၏ PSO တို့တွင် COVID-19 ရောဂါ မတွေ့ရှိ 
Donate to DVB

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရဲ့ ယာဉ်မောင်းဖြစ်သူနဲ့  ပြည်နယ်ရဲချုပ်ရဲ့ PSO တို့ ၂ ဦးရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ စမ်းသပ်ရာမှာ ဧပြီ ၂၃ မနက်က COVID-19 ရောဂါမတွေ့ရှိကြောင်း   negative အဖြေထွက်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောပါတယ်။

ဧပြီ ၂၁ ရက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဋ္ဌအပါအဝင် အစိုးရအဖွဲ့ အကြီးအကဲတွေ ကျိုင်းတုံ ခရီးစဉ်သွားရောက်ရာမှာ အလှူရှင်တွေ လှူထားတဲ့ ရောဂါစစ်ဆေးတဲ့ test kit နဲ့စမ်းသပ်ရာမှာ လွှတ်တော်ဥက္ကဋ္ဌရဲ့ ယာဉ်မောင်းဖြစ်သူနဲ့  ပြည်နယ်ရဲချုပ်ရဲ့ PSO တို့ ၂ ဦးမှာ positive အဖြေထွက်ခဲ့တာပါ။

ဒါကြောင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၄ ဦး အပါအဝင် သူတို့နဲ့ အနီးကပ်ထိတွေ့သူတွေဟာ  social distancing အနေနဲ့  နေနေကြရတာပါ။  

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း က “နဂိုကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားတဲ့ test kit မဟုတ်ဘူးပေါ့နော် နဂိုကတည်းက မှား နိုင်တာပေါ့လေ။ ကျနော်တို့ကလည်း နဂိုကတည်းက အသုံးပြုမယ်လို့မပြောပါဘူး။ ဒီဟာကသူများလှူထားတာ လက်ထဲမှာလည်းရှိတယ်ဆိုတော့ နည်းနည်းလေးခွဲလို့ရတဲ့အ နေအထားမျိုးဆိုကောင်းတယ်ပေါ့။ ခု facility quarantine ၂၁ ရက်ကဆို စရိတ်ကမနည်းဘူးလေ။ တကယ်လို့ အဲဒါစစ်နိုင်ရင် နည်းနည်းအတိုင်းတာ အထိအကျိုးရှိတယ်ပေါ့ တရားဝင်မဟုတ်တဲ့ ခါကျတော့ ပြောရခက်တယ်။” လို့ ပြောပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက  COVID-19 ရောဂါမတွေ့ရှိကြောင်း   negative အဖြေထွက်လာပြီဖြစ်လို့ နောက်ထပ်နှစ်ရက်လောက် social distancing နေပြီး နေအိမ်နဲ့ ရုံးကိုပုံမှန်ပြန်တက်တော့မယ်လို့ ပြည်နယ်လူမှုရေးဝန်ကြီးက ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ဖို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ၊ မိုင်းယောင်းနဲ့ တာချီလိတ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်ကအပြန်မှာတော့  ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့  လုံခြုံရေးနဲ့ ဌာနဆိုင်ရာ အမှုထမ်း ၃၀ ကျော်တို့က လူတွေနဲ့ထိတွေ့မှုမရှိအောင် social distancing ခပ်ခွာခွာနေနေကြတာ ဖြစ်ပါတယ်။

တကယ်လို့ အဆိုပါ ပုဂ္ဂိုလ် ၂ ဦးမှာ COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ရင်တော့ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ ခရီးစဉ်တလျှောက် ထိတွေ့ခဲ့သူတွေအများအပြား ရောဂါ ကူးစက်နိုင်မယ့် အန္တရာယ် ရှိနေခဲ့တာဖြစ်ပါတယ်။ 

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013