DVB Logo
Home
မြန်မာသတင်း

မန္တလေးတွင် ခြင်းလုံးအားကစားသမား ၁၉၀ ကျော်အတွက် ရိက္ခာထောက်ပံ့

ညီငယ်
·
April 23, 2020
မန္တလေးတွင် ခြင်းလုံးအားကစားသမား ၁၉၀ ကျော်အတွက် ရိက္ခာထောက်ပံ့
1 / 7
Donate to DVB

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက ခြင်းလုံးအားကစားသမား  ၁၉၄ ယောက်အတွက် ဒီကနေ့မနက်က မဟာမုနိဘုရားကြီး ပုရဝဏ်ရှိ  အဆင့်မြင့် ဝါဆိုခြင်းလုံးအားကစားရုံမှာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ 

မန္တလေးတိုင်း ၇ မြို့နယ်အတွင်းက နွမ်းပါးတဲ့ ခြင်းလုံးအားကစားသမားတွေ စားဝတ်နေရေးအဆင်ပြေစေဖို့  တစ်ဦးကို ဆန် ၁၂ ပြည်၊ ဆီ ၂ ပိဿာခွဲ၊  ကြက်သွန် ၃ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ်တစ်ဖာနဲ့ ကော်ဖီမစ် ၅ ထုပ် တန်ဖိုး ကျပ် ၃၀၀၀၀ ဖိုးလောက်ကို   ထောက်ပံ့ ပေးအပ်ခဲ့တာပါ။

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတဝန်းက ဒိုင်တွေ၊ နည်းပြတွေ  သရုပ်ဖော်တွေနဲ့ ဝါသနာရှင်တွေ အပါအဝင် နွမ်းပါးတဲ့ ခြင်လုံးအားကစားသမား ၅၀၀ ကျော်အတွက် ငွေကျပ် သိန်း၂၀၀ မတည်လှူဒါန်းပေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013