DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် အစိုးရထောက်ပံ့သည့် ပစ္စည်း ၅ မျိုးမရသူများကို အလှူရှင်များ စုပေါင်းလှူဒါန်း 
DVB
·
April 23, 2020
အင်္ဂပူမြို့နယ်တွင် အစိုးရထောက်ပံ့သည့် ပစ္စည်း ၅ မျိုးမရသူများကို အလှူရှင်များ စုပေါင်းလှူဒါန်း 
1 / 3
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ  အစိုးရက ထောက်ပံ့ပေးအပ်တဲ့ ပစ္စည်း ၅ မျိုး မရရှိတဲ့ပြည်သူတွေအတွက်  အလှူရှင်တွေစုပေါင်းပြီး လှူဒါန်းနေကြပါတယ်။

အလှူရှင်တွေ  ဦးဆောင်သူ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး ဦးထွန်းလင်းခိုင်ကတော့ "ကျနော်အပါအဝင် မြို့ပေါ်နဲ့ဒေသတွင်းက အလှူရှင်တွေ စုပေါင်းပြီး လှူဒါန်းနေကြတာပါ။ ပထမဆုံးအနေနဲ့ ဝန်ထမ်းမိသားစုဝင်တွေက မရဘူးလေ။ အဲအထဲကမှ အရင်ဆုံး ဆိုက်ကား အနှေးယာဉ် လုပ်သားတွေရဲ့ ဝန်ထမ်းရှိ မိသားစုဝင်တွေကို လှူနေတာပါ။ အစိုးရထောက်ပံ့တဲ့ အတိုင်းပါ ဆီ၊ ဆား၊ ကြက်သွန်း၊ ပဲတွေ လှူတာပါ"လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၈၀ ရှိပြီး အစိုးရရဲ့ အထောက်အပံ့ရသူက ၃၄ ရာခိုင်နှုန်းလောက်သာရှိလို့ တချို့အခြေခံလူတန်းစားတွေ မရရှိကြပါဘူး။ အဲလို အကူအညီမရတဲ့ အခြေခံ လူတန်းစားတွေကို  စုပေါင်းစာရင်းပြုစုပြီး ဒေသတွင်းအလှူရှင်တွေ လိုက်လံလှူဒါန်းနေကြတာပါ။ 

အနှေးယာဉ် လုပ်သားတဦးဖြစ်တဲ့ ဦးဖိုးတူးကတော့ "ခုလိုမျိုး လှူတာ ကောင်းပါတယ်။ ကျနော်တို့သားသမီးတွေ ဝန်ထမ်းတွေဆိုတော့ ထောက်ပံ့မှု မရဘူးလေ။ ဝန်ထမ်းတွေကလည်း သိတဲ့အတိုင်းပဲ သူတို့တဦးတယောက်အတွက်တောင် စားလောက်ရုံ လောက်ပဲ ရတာလေ။ ခုမျိုးတွေ လှူဒါန်းပေးတာ ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ခုရက်က ရောဂါပိုးတွေကြောင့် အလုပ်အကိုင် မကောင်းဘူးလေ" လို့ ပြောပါတယ်။

အခုလက်ရှိ အင်္ဂပူမြို့ပေါ်ရပ်ကွက်တွေရှိ ဝန်ထမ်းရှိတဲ့ အိမ်ထောင်စု ၂၅ ခုကို စတင်ထောက်ပံပေးနေတာ ဖြစ်ပါတယ်။

သတင်း-သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013