DVB Logo
Home
Lead Story
မယ်လိုဒီဝေါလ်ဒ်ဆုရှင် အဆိုတော် ရွှေရည်ဖြိုးမောင်သီချင်းသစ်-“ကိုကိုနဲ့ဒီည”(ရုပ်သံ)
DVB
·
April 23, 2020
မယ်လိုဒီဝေါလ်ဒ်ဆုရှင် အဆိုတော် ရွှေရည်ဖြိုးမောင်သီချင်းသစ်-“ကိုကိုနဲ့ဒီည”(ရုပ်သံ)
Donate to DVB

       “Wow… Come On… လာပါ ဘေဘီ… မွန်းကြပ်လွန်းတဲ့ မြို့ပြနေ့ရက်များ… ပင် ပန်းလွန်းလှပါပြီလေ… စိတ်ရဲ့ ထွက်ပေါက် လရိပ်လေးရဲ့အောက်… ကားလေးလျှောက် မောင်းကြမယ်”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

       “ကိုကိုနဲ့ဒီည”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ တယောက်ဖြစ်တဲ့ လူမောင်(ဆေး-၁)က ရေးစပ်ပေးထားတာဖြစ်ပြီး မယ်လိုဒီဝေါလ်ဒ်ဆု ရှင် အဆိုတော် ရွှေရည်ဖြိုးမောင်က သီဆိုထားခဲ့တာပါ။

“အခုည… ကိုကိုနဲ့ ဒီည… အတူတူ လျှောက်လို့လည်… အခုည… ကိုကိုနဲ့ ဒီည… အတူတူ Night Out ထွက်… အခုည… ကိုကိုနဲ့ ဒီည… အတူတူ လျှောက်လို့လည်… အ ခုည… ကိုကိုနဲ့ ဒီည… အတူတူ Night Out ထွက်ဦး”

       ရွှေရည်ဖြိုးမောင်ဟာ မြန်မာပြည်ရဲ့ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို မွေး ထုတ်ပေးနိုင်ခဲ့တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် အနုပညာ လောကထဲကို စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။

       သူဟာ ၂၀၀၉ ခုနှစ်အတွက် The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုကို ရရှိခဲ့သူဖြစ်ပြီး သူသီဆိုခဲ့တဲ့ ကိုယ်ရံတော်၊ လူစီ လူစီသီချင်းတွေဟာ လူသိ များထင်ရှားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

       အဲဒီနောက်တော့ တကိုယ်တော် တေးအဘ်လ်ဘမ်သစ်တွေရော၊ အတွဲသီချင်း အယ်လ်ဘမ်တွေနဲ့အတူ အနုပညာလောကမှာ လှုပ်ရှားနေခဲ့တာပါ။

       “Huu Hu… Huu Hu… သူ့ရဲ့ ပုခုံးထက် ခေါင်းလေးအုံးမီရင်း… ကြည်နူးလို့ မဆုံး နိုင်ပြီလေ… အသားချင်းထိလို့ လက်ဖဝါးချင်းထပ်ထား… အမှတ်တရ ညလေးပေါ့ကွယ်”

       မြူးကြွတဲ့ သံစဉ်စာသား ဖန်တီးမှုတွေနဲ့ လိုက်ဖက်တဲ့ ရွှေရည်ဖြိုးမောင်ရဲ့ သီဆို ဟန်ကို ဒီသီချင်းထဲမှာ ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ခံစားကြရမှာ ဖြစ်ပါတယ်။

       ဒီသီချင်းကိုတော့ Lyrics Video အနေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး Tay Than Thar Music ကနေ ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013