ဧပြီ ၂၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၄၀.၁ ကျပ်၊ ၁ ယူရိုငွေကို ၁၅၆၄.၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၀၉.၆ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၃၃၈.၆ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၃.၂၈ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၈.၇၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၄.၄၆ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၁၅၅၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၁၅၃၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၆၈၃ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











