DVB Logo
Home
မြန်မာသတင်း
လှည်းတန်းခုံးကျော်တံတား စတင်ဖြတ်သန်းခွင့်ပြု
DVB
·
April 10, 2013
လှည်းတန်းခုံးကျော်တံတား စတင်ဖြတ်သန်းခွင့်ပြု
Donate to DVB

ရန်ကုန်မြို့က ယာဉ်ကြောပိတ်ဆို့မှု အများဆုံးလမ်းဆုံမှာ တည်ဆောက်ထားတဲ့ လှည်းတန်း ခုံးကျော်တံတားကြီးကို ဒီနေ့ မနက် ၆ နာရီမှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

[caption id="attachment_38332" align="alignright" width="300" caption="တံတားပေါ် ဖြတ်သန်းရန် စောင့်ဆိုင်းနေကြသည့် ကားများ"][/caption]

အလျား ပေ၂၈၀၀ ကျော်ရှိတဲ့ အဲဒီခုံးကျော်တံတားကြီးကို ဒီနေ့ မနက်က စတင်ကာ အများပြည်သူကို အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပြီး တံတားဖွင့်ပွဲကိုတော့ သီးခြားကျင်းပမယ်လို့ သိရပါတယ်။

မနက်စောစောကတည်းက တံတားကြီးပေါ်ကို ပထမဆုံးဖြတ်သန်းနိုင်ဖို့အတွက် တံတား ချဉ်းကပ်လမ်းထိပ်မှာ ကားတွေ လာရောက်တန်းစီ စောင့်ဆိုင်းနေကြပါတယ်။

တံတားအဖွင့်ကို စောင့်နေတဲ့ ကားပိုင်ရှင်တဦးက “မြန်မာပြည်မှာ ဦးစွာ ကျက်သရေဆောင်လို့ ပြောလို့ရမှာပေါ့။ စောစောစီးစီး ဦးစွာဖြတ်ချင်လို့ မိသားစုနဲ့အတူ လာပြီးတော့ တန်းစီနေတာ" လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို တံတားကြီး ဖွင့်လှစ်ပေးခဲ့တဲ့အပေါ်ကိုလည်း “ဒီတံတားကြီးကို စောင့်ပေးတဲ့ အင်ဂျင်နီယာတွေ၊ ကြီးကြပ်ပေးတဲ့ အစိုးရအကြီးအကဲတွေအားလုံးကို ကျေးဇူးတင်တယ်။ လှည်းတန်းမီးပွိုင်မှာ အချိန်အကြာကြီး အမြဲတမ်းခံစားနေရတာ။ ဒါ လူတိုင်း သိတယ်။ မီးပွိုင့်ကြပ်တာ၊ အချိန်တွေပေးရတာတွေကိုတော့ အထိုက်အလျောက် ကျော်ဖြတ်ပြီးသား ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

တံတားကြီးကို တာဝန်ယူ တည်ဆောက်ခဲ့တဲ့ ရွှေတောင်ကုမ္ပဏီကလည်း တံတားပေါ် စတင် ဖြတ်သန်းတဲ့ကားတွေကို အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
ရန်ကုန်မြို့က အဓိကလမ်းဆုံမှာ ဒီတံတားကြီးကို စတင်အသုံးပြုနိုင်တာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေကို ၆၀ ရာခိုင်နှုန်း လျော့ချနိုင်မယ်လို့ သက်ဆိုင်ရာက ခန့်မှန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013