DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့ဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး
DVB
·
April 19, 2020
ဂန့်ဂေါမြို့ဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ပြည်သူ့ဆေးရုံကို ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက စောင့်ကြည့်လူနာ ၁ ဦး ဆေးကုသမှုလာရောက်ခံယူရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။ 

သေဆုံးသူက ကျောဒေသ၊ စကားကျေးရွာကနေ ဆေးကုသမှု လာရောက်ခံယူတဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

“အိမ်ထဲက အိမ်ပြင်မထွက်တဲ့သူပါ။ သူ့ရွာကလည်း နိုင်ငံခြားက ပြန်လာသူမရှိဘူး။ အမောဖောက်တတ်တယ်လို့ သိရတယ်။ သေချာအောင်တော့ ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ရဦးမှာပေါ့။ အလောင်းကိုတော့ တခါတည်း သင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ ကျန်တဲ့ သံသယလူနာလည်း မရှိပါဘူး” လို့ ပြောပါတယ်။

COVID-19 ရောဂါကာကွယ်ရေးအတွက် ဒေသန္တရအမိန့်တွေကို ထုတ်ပြန်ထားပြီး ဈေးကိုလည်း လေယာဉ်ကွင်းမှာ စနစ်တကျ ထားရှိပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကိုဗစ်လူနာ နှစ်ဦးထိ တွေ့ရှိထားတဲ့ ကလေးမြို့နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် နယ်စပ်ဖြစ်တဲ့ ဟံသာဝတီကျေးရွာမှာလည်း အဝင်အထွက်တွေကို နေ့ည စစ်ဆေးနေသလို ရွာတိုင်းမှာလည်း Quarantine Center တွေ ထားရှိပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

နံပါတ်တစ် လူနာနဲ့ လေယာဉ်အတူစီးခဲ့တယ်ဆိုတဲ့ ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ ဇနီးမှာလည်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ကိုယ်စားလှယ်က ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ စိုးရိမ် ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

ဧပြီလ ၆ ရက်နေ့ကလည်း ပြည်ပက ပြန်လာသူ နှစ်ဦးကို Home Quarantine ထားရှိရာမှာ အမိန့်ညွှန်ကြားချက် မလိုက်နာတဲ့အတွက် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါသေးတယ်။ 

လက်ရှိအချိန်ထိတော့ COVID-19 နဲ့ပတ်သက်ပြီး စိုးရိမ်စရာ မရှိသေးသလို ဆေးရုံကြီးကလည်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် မနက် ၇ နာရီအထိ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013