DVB Logo
Home
မြန်မာသတင်း
မန္တလေးသင်္ကြန် လုံခြုံရေးအင်အား ၁၀၀၀ ကျော် အသုံးပြုမည်
DVB
·
April 10, 2013
မန္တလေးသင်္ကြန် လုံခြုံရေးအင်အား ၁၀၀၀ ကျော် အသုံးပြုမည်
1 / 3
Donate to DVB

မန္တလေးသင်္ကြန်ကို ခါတိုင်းနှစ်တွေထက် ပိုစည်ကားအောင် စီစဉ်လုပ်ဆောင်ထားပြီး လုံခြုံရေးအတွက် ရဲအင်အား ၁၀၀၀ ကျော် အသုံးပြုမယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။

အရင် မန္တလေးကျုံးပတ်လည်မှာပဲ သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ တမြို့လုံးနီးပါး မဏ္ဍပ်ဆောက်ခွင့်ပြုထားပြီး သင်္ကြန်စည်အောင် ကြိုတင်လုပ်ဆောင်ထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

“ကျုံးဘေးမဏ္ဍပ်တွေအပြင် မြို့ထဲမှာ မဏ္ဍပ် ၁၆ ခု၊ ကန်တော်ကြီးမှာ ၁၀ ခုလုပ်ထားတယ်။ မြို့ထဲစည်အောင်လို့ပေါ့။ ရှေ့မှာလည်း မြို့ထဲကမဏ္ဍပ်တွေကို စည်ပင်ကနေ ရေရှိရေး ပံ့ပိုးကူညီတာရှိပါတယ်။ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ လုံခြုံရေးကို ရဲချည်း ၁၀၀၀ ကျော် အင်အားသုံးချဖို့ လုပ်ထားတယ်။”

မန္တလေးမြို့သင်္ကြန်မှာ ပရိသတ်စည်ကားများပြားတဲ့ မဏ္ဍပ်ကြီးတွေမှာ ရန်ကုန်က ထင်ရှားတဲ့ အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ လုံခြုံရေးအတွက် စီစီတီဗွီကင်မရာတွေ တပ်ဆင်ထားပြီး လက်နက်ရှာဖွေတဲ့ စစ်ဆေးရေးစက်တွေလည်း ထားရှိဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးသား မော်ဒန်သတင်းဂျာနယ်အယ်ဒီတာ ဦးစန်းယုကတော့ မြို့ခံတွေစိတ်ထဲ စိုးရိမ်စိတ်တွေ ရှိနေပေမယ့်  မန်းသင်္ကြန်ကတော့ စည်မှာပါလို့ ပြောပါတယ်။

“အခြေအနေက ကောလာဟလတွေ အများကြီးထွက်တယ်။ လုံခြုံရေးတွေချထားတယ်ဆိုပေမယ့် လူတွေကတော့ သံသယတွေ ကောလာဟလတွေနဲ့ ပျော်ဖို့ စီစဉ်နေကြတယ်။ သာမန်ရိုက်ပွဲတို့ ယာဉ်တိုက်မှုတို့က နှစ်တိုင်းဖြစ်နေကျဆိုတော့ ဒီနှစ်လည်း ဖြစ်ဦးမှာပဲ။ တခြား မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်၊ မဖြစ်ကို သံသယနဲ့ စောင့်ကြည့်ရမှာ။ မန္တလေးသင်္ကြန်ကတော့ အစဉ်အလာရှိပါတယ်၊ အရေးခင်းတုန်းကတောင် မပျက်ဘဲနဲ့ ကျော်လွှားခဲ့သေးတာပဲဆိုတော့ မဖြစ်တော့မဖြစ်ကောင်းဘူးလို့ မန္တလေးသားတယောက်အနေနဲ့ ယူဆပါတယ်။”

မန္တလေးသင်္ကြန်နဲ့ ခွဲမရတဲ့ မန္တလေးမြို့မ တေးဂီတအဖွဲ့ကလည်း ခါတိုင်းနှစ်တွေလိုပဲ ဖိတ်ထားတဲ့အိမ်တွေကို လိုက်ပြီး ဖျော်ဖြေမှာဖြစ်သလို မြို့တော်ဝန်မဏ္ဍပ်မှာ သင်္ကြန် ၃ ရက် ညနေတိုင်း ပရိသတ်ကို ဖျော်ဖြေမယ်လို့ မြို့မတေးဂီတအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးလွင်ဦးက ပြောပါတယ်။

“မြို့မပရိသတ် သတ်သတ်ရှိပါတယ်။ ဘယ်နေရာတီးတီး လိုက်ပြီးတော့ အားပေးတဲ့သူတွေလည်း ရှိပါတယ်။ အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေကလည်း မြို့မ ဘယ်နားရှိတုန်းဆိုပြီး အားပေးတဲ့သူတွေလည်း ရှိတယ်။ ခေတ်ပေါ်ကို အားပေးသလို မြို့မကလည်း သူ့ပရိသတ်နဲ့သူ ရှိပါတယ်။ မြတ်မြတ်နိုးနိုးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြ၊ သီချင်းတွေ နားထောင်ကြ ရှိကြပါတယ်။ ”

မန္တလေးမြို့မှာရှိတဲ့ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အားလုံး ည ၁၀ နာရီ နောက်ဆုံးထားဖွင့်ဖို့ ကြေညာချက် ထုတ်ထားပြီး သင်္ကြန်တွင်းလည်း အဲ့ဒီလိုပဲ ဖြစ်ဖို့များတယ်လို့ မြို့တော်စည်ပင်က ပြောပါတယ်။ အခုထိတော့ ထပ်ပြီးညွှန်ကြားလာတာ တစုံတရာ မရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013