DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင် မြို့နယ်အချို့၌ ပစ္စည်း၅ မျိုးထောက်ပံ့ရာတွင် ငွေကြေးကောက်ခံမှုရှိနေဟုဆို
DVB
·
April 18, 2020
ဟင်္သာတခရိုင် မြို့နယ်အချို့၌ ပစ္စည်း၅ မျိုးထောက်ပံ့ရာတွင် ငွေကြေးကောက်ခံမှုရှိနေဟုဆို
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်အချို့မှာ အစိုးက ထောက်ပံ့တဲ့ အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုးကို ထုတ်ပေးရာမှာ ပြည်တွေဆီကနေ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇလွန်မြို့နယ် ကျုံရှကျေးရွာနေ မဇာခြည်ဝင်းက “ပစ္စည်းတွေက အစုံမရသေးဘူး၊ မနေ့ကမှ စပေးတယ်။ ဒီမှာ တကယ်မရှိတဲ့ မုဆိုးမတွေကို ထားခဲ့တယ်၊ ဆယ်အိမ်မှူး အမျိုးတွေပဲ စာရင်းထည့်တယ်လေ။ အဲတာခေါ်ပေးတော့ မရှိတဲ့ကြားထဲ ၁၀၀၀ ကျပ်မှ ရမယ်ဆိုလို့ ချေးငှားသွားရတယ်လေ။ သူတို့ကတော့ ကယ်ရီခတဲ့ မပေးရင် မရဘူးဆိုလို့ ပေးရတယ်။ အဲဒါကို မကျေနပ်ဘူး” လို့ ပြောပါတယ်။

COVID-19 အရေးပေါ်ကာလမှာ အခြေခံလူတန်းစားတွေအတွက် အစိုးရရဲ့ အစီအစဉ်နဲ့ တနိုင်ငံလုံးရှိ အခြေခံလူတန်းစားတွေကို အခြေခံစားသောက်ကုန် ၅ မျိုးကို တအိမ်ထောင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပြည် ထောက်ပံ့ပေးနတာပါ။

ဟင်္သာတတခရိုင်အတွင်းရှိ အချို့မြို့နယ်တွေရဲ့ ကျေးရွာတွေမှာတော့ ဆန် ၄ ပြည်ပဲ ရရှိကြတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့နယ်၊ ကွမ်းခြံကုန်းရွာနေ မမာမာဦးက “ကျမတို့ဆီမှာ တကယ်မရှိတဲ့ လူတွေရော ရှိတဲ့ လူတွေရော ဝေတော့ တကယ်တမ်းရမယ့်အတိုင်း မရဘူး။ ဆန် ၄ ပြည်၊ ဆီ ၂ဝ ကျပ်သား ပေါ့ ။ အားလုံးတဝက်စီပဲ ရတယ်၊ ပြီးတော့ ၅၀၀ ကျပ်ပေးရတယ်” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က “လူစုလူဝေးမဖြစ်စေဖို့ နေရာ ၆ ခုကို စုရပ်လုပ်ပြီးဝေတယ်။ ရာအိမ်မှူးတွေကို အဓိကထားပြီး လုပ်ခိုင်းတယ်။ အဲသယ်ယူစရိတ်တွေကို ပြန်တင်ဖို့တော့ ပြောထားတယ်၊ ပြန်ပေးဖို့ကလည်း မြို့နယ်အနေနဲ့ အစီအစဉ်ဆွဲပြီး လုပ်မှာပါ။ အချို့ကိစ္စတွေတော့ ခုထိမသိရသေးဘူး” လို့ ပြောပါတယ်။

ခုလို အစိုးရထောက်ပံ့ပေးတဲ့ ပစ္စည်းဝေငှတဲ့နေရာမှာ လျှော့ချတာနဲ့ ငွေကြေးကောက်ခံတာတွေ ရှိတဲ့အပေါ် ဒေသခံတွေက မကျေနပ်ကြဘူးလို့သိရပါတယ်။

ဟင်္သာတ ခရိုင်အတွင်းမှာ မြို့နယ်ပေါင်း ၆ မြို့နယ်ရှိပြီး အချို့မြို့နယ်တွေမှာတော့ ဆန်နဲ့ ဆီကို ဒီနေ့မှ စတင်ထောက်ပံ့ပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013