DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းတွင် ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံ ကျင်းပမည်
DVB
·
April 9, 2013
Donate to DVB

ပြည်ပရောက် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေနဲ့ စုစည်းထားတဲ့ နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (ဘီအန်အိုင်) က ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံကြီး ကျင်းပသွားမယ်လို့ သိရပါတယ်။

လာမယ့် ဧပြီလ  ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ စထရင်းဟိုတယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေး  ပြန်ကြားရေး တာဝန်ခံ   နိုင်ဗညားအောင်က ပြောပါတယ်။

တိုင်းရင်းသားဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေဟာ အားနည်းနေပြီး ဒီညီလာခံကနေ တိုင်းရင်းသားမီဒီယာအမျိုးမျိုး တိုးချဲ့နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပိုင်ခွင့်နဲ့ ဥပဒေရေးရာတွေ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားမီဒီယာက အတော်လေးကို နောက်ကျနေတယ်။ အသံလွှင့်မီဒီယာဆိုပါတော့ ရေဒီယို၊ တီဗွီတို့ဆို လုံးဝညီမျှမှုမရှိဘူး။ ဥပမာ မွန်ပြည်နယ်ဆိုရင် မွန်အက်ဖ်အမ်လုံးဝ မရှိဘူး။ မြန်မာအက်ဖ်အမ်တွေပဲ အသံလွှင့်တယ်။ သူတို့ခရိုနီတွေပဲ ကြီးစိုးတယ်။ ကျနော်တို့ကလည်း ကျနော်တို့ဘာသာနဲ့ ထုတ်ချင်တယ်၊ လုပ်ချင်တယ်။ ပုံနှိပ်မီဒီယာဆို ပိုဆိုးတာပေါ့။ ကိုယ့်တိုင်းရင်းသား စာသင်ကျောင်းတွေလည်း မရှိဘူး။ ကိုယ့်ဘာသာလည်း မရှိဘူး။ အမျိုးမျိုးပေါ့။ ကြိုးစားရမှာပေါ့။”

ဒီညီလာခံမှာ  မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သတင်းမီဒီယာဌာန၊ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်နဲ့ ဘီအန်အိုင်အဖွဲ့ဝင် တိုင်းရင်းသားမီဒီယာ ၁၂ ဖွဲ့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်တခုကို တိုင်းရင်းသားမီဒီယာ ကိုယ်စားလှယ် ၂ ဦးစီ  တက်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
ညီလာခံတက်ရောက်လာသူတွေရဲ့  ကုန်ကျစရိတ်တွေကို ဘီအန်အိုင်က တာဝန်ယူပေးမှာ ဖြစ်ပြီး  ညီလာခံဖြစ်မြောက်ရေးအတွက် အိုအက်စ်အက်ဖ် လို့ခေါ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013