DVB Logo
Home
မြန်မာသတင်း
သင်္ကြန် ရေကစားသူများအတွက် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်
DVB
·
April 9, 2013
သင်္ကြန် ရေကစားသူများအတွက် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်
Donate to DVB

ထိုင်းအစိုးရက ထိုင်းသင်္ကြန်မှာ ပါဝင်ဆင်နွှဲမယ့်သူတွေနဲ့ ပတ်သက်ပြီးတော့ လိုက်နာဖို့ စည်းကမ်းချက် ၈ ချက်ကို ထိုင်းနိုင်ငံ မော်တော်ယဉ်ထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

သင်္ကြန်ရေကစားတဲ့အချိန်မှာ မူးယစ်သေစာတွေ သောက်စားခြင်းမပြုဖို့၊ သရုပ်ပျက် အ၀တ်အစားတွေ မ၀တ်ဖို့၊ ရေခဲအသုံးပြုပြီးရေမကစားဖို့၊ ကိုယ်ထိလက်ရောက် မစော်ကားဖို့ စတဲ့ စည်းကမ်းချက်တွေကို ဧပြီ ၈ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါအပြင် ကားပေါ်မှာ ရေတိုင်ကီတွေတင်ပြီးရေမဆော့ဖို့၊ သီချင်းအကျယ်ကြီးမဖွင့်ဖို့၊ ပေါင်ဒါတွေ အသုံးပြုပြီး ရေမကစားဖို့၊ တန်ဖိုးရှိသော ပစ္စည်းများ ခန္ဓာကိုယ်မှာ ၀တ်ဆင်ကစားခြင်း မပြုလုပ်ဖို့တွေကိုလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်တွေကို ထိုင်းနိုင်ငံ မီဒီယာတွေကလည်း ကြေညာနေသလို အရက်သောက်သုံးပြီးတော့ ယာဉ်တွေကို မောင်းမယ်ဆိုရင် ထောင်ဒဏ် ၆ လနဲ့ ဘတ်ငွေ ၁ သောင်း ဒဏ်ငွေ ချမှတ်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ယာဉ်မတော်တဆမှုတွေကို တားမြစ်ဖို့အတွက်လည်း မူးယစ်ဆေးဝါး အသုံးပြုပြီး ယာဉ်မောင်းနှင်တာတွေ မလုပ်ဖို့နဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ကလည်း ဆေးရုံတွေအနေနဲ့ မတော်တဆမှုဖြစ်ရပ်တွေကို လက်ခံကုသပေးဖို့ ကျန်းမာရေး ၀န်ကြီးဌာနကို ညွှန်ကြားထားပါတယ်။

လက်ထောက် ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက သင်္ကြန်ပွဲတော်မှာ မတော်တဆမှုတွေ ပုံမှန်ထက် ၂ ဆ ဖြစ်ပွားလေ့ရှိတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က စိုးရိမ်နေတာဖြစ်ပြီး မတော်ဆမှုအများစုက အရက်သောက်ပြီး ယာဉ်မောင်းနှင်တာနဲ့ ဦးထုပ်မပါဘဲ မော်တော်ဆိုင်ကယ် စီးနင်းတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်နှစ် ဧပြီ ၁၁-၁၇ ထိုင်းသင်္ကြန် ရက်တွေ အတွင်း မတော်တဆမှု ၃၁၂၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂၀  ဦး သေဆုံးကာ ၃၃၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီမတော်တဆ ဖြစ်ရပ်ထဲက ၃၉ ရာခိုင်နှုန်းကျော်က အရက်သောက်သုံးတာကြောင့် ဖြစ်ပြီးတော့  ၂၁ ရာခိုင်နှုန်းကျော်ကတော့ အရှိန်မထိန်းနိုင်တာကြောင့် ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013