DVB Logo
Home
မြန်မာသတင်း
အခွန်အခနှင့် ဘဏ်လုပ်ငန်း အခက်အခဲကိစ္စ ဆွေးနွေး
DVB
·
April 9, 2013
အခွန်အခနှင့် ဘဏ်လုပ်ငန်း အခက်အခဲကိစ္စ ဆွေးနွေး
1 / 2
Donate to DVB

အခွန်အခနဲ့ ဘဏ်လုပ်ငန်းတွေမှာ အခက်အခဲ ရှိနေတဲ့ကိစ္စရပ်တွေကို လွှတ်တော်ရေးရာတွေနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းက အသင်းရုံးချုပ်မှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ  UMFCCI နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ညီနောင်အဖွဲ့ပေါင်း ၆၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဓိက ဆွေးနွေးခဲ့တာတွေကို အသင်းဗဟိုအလုပ်အမှုဆောင် ဦးတင်ကိုကိုက အခုလို ပြောပါတယ်။

“ပြည်တွင်းအခွန်အခက အ၀ယ်မှာ ၁ ခါ၊ ရောင်းလိုက်ရင် ၁ ခါ ပေးရတယ်။ နောက် ပြည်တွင်းအခွန် ၀င်ငွေခွန်ကိစ္စတွေ အကျယ်တ၀င့် ဆွေးနွေးကြတယ်။ ဘဏ်ကိစ္စမှာ ဘဏ်အတိုးနှုန်းတွေကို ငွေစုတာက ၈ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ စုတယ်။ ပြန်ချေးတော့ ၁၄ ရာခိုင်နှုန်း။ အဲတော့ စုတဲ့သူက ၈ ရာခိုင်နှုန်းပဲရပြီးတော့ ပြန်ချေးသူက ၆ ရာခိုင်နှုန်းရတော့ မမျှမတဖြစ်နေတဲ့အပေါ် ပြန်သုံးသပ်ဖို့ပြောတယ်။ နောက် နိုင်ငံတကာမှာရှိနေတဲ့ အတိုးနှုန်းနဲ့ ကျနော်တို့ဆီက အတိုးနှုန်းနဲ့ ကျနော်တို့အတိုးနှုန်းကများနေရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာရင် သူတို့က အတိုးနှုန်းချိုသာစွာနဲ့လာရင် ကျနော်တို့ မယှဉ်နိုင်တဲ့ကိစ္စတွေ ဖြစ်လာနိုင်လို့ အတိုးနှုန်းလျှော့ဖို့ တင်ပြကြတယ်။”

သူတို့ ဆွေးနွေးတင်ပြတာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြင်သင့်တဲ့ ဥပဒေတွေကို အမြန်ဆုံးပြင်မယ့်အကြောင်း၊ လျှော့ပေးသင့်တဲ့ အချက်တွေကို အမြန်ဆုံး ဖြေလျှော့ပေးသွားမယ့်အကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွန်နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်ကိုလည်း ဦးတင်ကိုကိုက အခုလိုပြောပြပါတယ်။

“ပြည်သူလူထုကလည်း မှန်မှန်ကန်ကန်ဖြစ်တဲ့၊ စည်းကမ်းနဲ့ချမှတ်ထားတဲ့အခွန်ကို သေသေချာချာပေးမယ်။ တိုင်းပြည်ကလည်း အခွန်ကို စနစ်တကျနဲ့ ကောက်သင့်တာတွေ ကောက်မယ်ဆိုရင် အခွန်ထမ်းပြည်သူကလည်း ယုံကြည်စွာနဲ့ ဆောင်ရွက်နိုင်သလို တိုင်းပြည်ကလည်း အခွန်တွေရပြီး ချမ်းသာပြီး ဆောင်ရွက်နိုင်မယ် ဆိုတာတွေ ပြောသွားလို့ မျှမျှတတဖြစ်ဖို့ ပြောသွားပါတယ်။”

ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ အခုလို  တွေ့ဆုံတာဟာ ပထမအကြိမ်ဖြစ်ပြီး နှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013