DVB Logo
Home
Lead Story
အဆိုတော် ဝိုင်ဝိုင်းရဲ့သီချင်းသစ် ‘စိတ်သစ်လူသစ်နှစ်သစ်’(ရုပ်သံ)
DVB
·
April 17, 2020
အဆိုတော် ဝိုင်ဝိုင်းရဲ့သီချင်းသစ် ‘စိတ်သစ်လူသစ်နှစ်သစ်’(ရုပ်သံ)
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ရိုးရာ နှစ်ဆန်းတရက်နေ့မှာ အဆိုတော် ဝိုင်ဝိုင်းရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာပါတယ်။ 

       “တူ တူ တူ တူ တူ တူ…. တူ တူ တူ တူ တူ တူ… ရေ့ရေ့ရေ့ရေ့… တူ တူ တူ တူ တူ တူ…. တူ တူ တူ တူ တူ တူ… ရေ့ရေ့ရေ့ရေ့… မင်္ဂလာနှစ်သစ်ကူးလေးပါ… လိုရာ တောင်းဆုပြုလိုက်ပါ… ယုံကြည်ချက်နဲ့ ဘဝကို အသက်ဆက်ရှူလိုက်ပါ… ပျော်စရာ ကောင်းတဲ့ နေ့တနေ့မှာ… ပူစရာများလည်း မေ့လိုက်ကွာ… ကြိုဆိုလိုက်ပေါ့ ဘဝကို စိတ်သစ် လူသစ်ပါ”

       ဒါကတော့ ဝိုင်ဝိုင်းရဲ့ သီချင်းသစ်ထဲက  တေးသွားစာသားတွေ ဖြစ်ပါ တယ်။

      “စိတ်သစ်လူသစ်နှစ်သစ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဇေ တူးက ရေးစပ်ပေးထားတာဖြစ်ပြီး အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ ခံ စား နားဆင်ကြရမှာ ဖြစ်ပါတယ်။

       ““တူ တူ တူ တူ တူ တူ…. တူ တူ တူ တူ တူ တူ… တူ တူ တူ တူ တူ တူ… အို အို အို… ငြိမ်းချမ်းကြစေသား… တိုးတက်ကြစေသား… နှစ်သစ်ကူးမှာ… အိပ်မက်တွေ ဆက်မက်ကြဖို့ရာ အကောင်အထည်ဖော်ပါ… နေရာတကာ… ငြိမ်းချမ်းကြစေသား… တိုးတက်ကြစေသား… တောင်းဆုပြုပါ… ကမ္ဘာကြီးကို လှပသွားဖို့ရာ… သီဆိုနေမှာ… နှစ်သစ်သီချင်းပါ”

       အဆိုတော် ဝိုင်ဝိုင်းဟာ ဆယ်စုနှစ်နဲ့ချီ မြန်မာ့ဂီတလောကမှာ အောင်မြင်တဲ့ တေး သီချင်းတွေများစွာ သီဆိုအောင်မြင်ခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး သူ့ရဲ့ သီချင်း တွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

       ခုလက်ရှိ ထွက်လာတဲ့ “စိတ်သစ်လူသစ်နှစ်သစ်”သီချင်းကိုတော့ Lyrics Video အနေနဲ့ Tay Than Thar Music ကတဆင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုရေးသားပြီး ဖြန့်ချိ ပေးထားခဲ့တာ ဖြစ်ပါတယ်။

       “မင်္ဂလာနှစ်သစ်ကူးလေးပါ...။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံး ရှေ့ ဆက်နိုင်ကြစေဖို့... ဝိုင်ဝိုင်းရဲ့ စိတ်သစ်လူသစ်နှစ်သစ်… မြန်မာတို့ရဲ့နှစ်သစ်အချိန်အခါနဲ့ အလိုက်ဖက်ဆုံးသီချင်းကောင်းလေးကို Tay Than Thar မှ တင်ဆက်ပေးရင်း.... မြန်မာ ပြည်ကြီး ငြိမ်းချမ်းသာယာပြီး အားလုံးကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013