DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်စခန်းများတွင် COVID-19 ရောဂါကာကွယ်ရန် လမ်းညွှန်ချက်များထုတ်ပြန်
DVB
·
April 17, 2020
စစ်ဘေးရှောင်စခန်းများတွင် COVID-19 ရောဂါကာကွယ်ရန် လမ်းညွှန်ချက်များထုတ်ပြန်
Donate to DVB

အိုင်ဒီပီစခန်းတွေနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေအတွက် COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ စခန်းတွေမှာ တပ်ဆင်ပေးထားတဲ့ လက်ဆေးဘေစင်တွေမှာ ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောဖို့၊ အများသုံးအိမ်သာနဲ့ ရေချိုးနေရာအသုံးပြုရာမှာ  တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုဖို့နဲ့ အချင်းချင်းထိတွေ့မှု အနည်းဆုံးဖြစ်စေရေး သတိပြုဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

စခန်းမှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါရှိသူတွေကို ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် အထူးသတိပြုနေထိုင်ကြဖို့၊ နေ့စဉ်ကိုယ်ပူချိန်တိုင်းတာ၊  ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ဆေးတာနဲ့ ပညာပေးတာတွေကို စခန်းတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေက စနစ်တကျ အလှည့်ကျတာဝန်ယူ ဆောင်ရွက်လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စခန်းတွင်းနေထိုင်သူတွေ ပြင်ပသို့ သွားလာခြင်းမပြုလုပ်ဖို့၊ မဖြစ်မနေအပြင်ထွက်ဖို့ လိုအပ်သူတွေ စာရင်းရေးသွင်းပြုစုထားပြီး အဝင်/ အထွက်ပြုလုပ်တိုင်း ပုံမှန်အပူချိန် တိုင်းတာ၊ နှာခေါင်းစည်းတပ်ဆင်တာနဲ့ လက်ဆေးတာလုပ်ဖို့၊ စခန်းတွင်းသို့လည်း ပြင်ပက ဧည့်သည် ဝင်ရောက်တာကို တားမြစ်ဖို့တွေ လမ်းညွှန်ထားပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ အိုင်ဒီပီစခန်းတွေနဲ့ တခြား စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်နေရတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြု လူနာ မတွေ့ရသေးပါဘူး။

COVID-19 ရောဂါ လက္ခဏာတွေ့ပါက လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ် အတိုင်း လိုက်နာဆောင်ရွက်ဖို့၊ စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေရှိပါက အချိန်မီလွှဲပို့နိုင်ရေးအတွက် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပရဟိတလူမှုအဖွဲ့အစည်းတွေနဲ့ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ- လူကယ်ပြန် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013