DVB Logo
Home
မြန်မာသတင်း
COVID-19 တိုက်ပွဲဝင် ကျန်းမာရေးဝန်ထမ်းများကို ယနေ့ည ၈ နာရီ လက်ခုပ်တီး၍ ဂုဏ်ပြုမည်
DVB
·
April 16, 2020
COVID-19 တိုက်ပွဲဝင် ကျန်းမာရေးဝန်ထမ်းများကို ယနေ့ည ၈ နာရီ လက်ခုပ်တီး၍ ဂုဏ်ပြုမည်
Donate to DVB

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးလုပ်ငန်းတွေကို ရှေ့တန်းကနေ တက်ကြွစွာလုပ်ဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ ကမ်ပိန်းတခုကို အခုည ၈ နာရီတိတိမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

Cheer4frontliners Campaign – Myanmar အမည်နဲ့ ဒီကမ်ပိန်းကိုတော့ ဖေ့စ် ဘွတ်ခ်ပေါ်မှာလည်းဖြန့်ချိထားပြီး ဘလော့ဂါတဦးဖြစ်တဲ့ Louis - Be A Traveler Not A Tourist  နဲ့ Genius Shan Highlands Coffee တို့ ဦးဆောင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

       ဒီကမ်ပိန်းကတော့ ဘယ်သူမဆို ပါဝင်နိုင်မယ့် လှုပ်ရှားမှုတခုဖြစ်ကာ အခုည ၈ နာ ရီတိတိအချိန် မိမိတို့နေအိမ် ဝရံတာကနေ လက်ခုပ်တီးကာ ဂုဏ်ပြုကြမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

ခုလိုကမ်ပိန်းမျိုးကိုတော့ နိုင်ငံတကာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာ ဖြစ်ပြီး သိပ်မကြာခင်ကမှ COVID-19 လူနာတယောက်ကို   ကုသပေးရာက ကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ပြည်မြို့က ဒေါက်တာမြင့်မြင့်စိန်ကိုလည်း ပြည်သူတွေက အလေးပြုပြီး ဂုဏ်ပြုခဲ့ကြတာပါ။

အခုည ၈ နာရီမှာ ကျင်းပမယ့် ကမ်ပိန်းမှာပါဝင်ကြဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုအားပေးကြဖို့ နာမည်ကြီး အနုပညာရှင်တွေ အတော်များများကလည်း တိုက် တွန်းနှိုးဆော်ထားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၈၅ ယောက်ထိ တိုးလာခဲ့ပြီး သေဆုံးသူ ၄ ယောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013