DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စောင့်ကြည့်နှင့် သံသယလူနာ ၄၂ ဦးရှိ
DVB
·
April 16, 2020
စစ်ကိုင်းတိုင်းတွင် စောင့်ကြည့်နှင့် သံသယလူနာ ၄၂ ဦးရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်လို့ စောင့်ကြည့်နဲ့သံသယ လူနာ ၄၂ ဦးအထိ ရှိနေပြီး  ၁ ဦးမှာ ရောဂါကူးစက်ခံထားရတယ်လို့ စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရပါတယ်။

စောင့်ကြည့်နဲ့သံသယ လူနာအများဆုံးကတော့ ယင်းမာပင်ခရိုင်က ဖြစ်ပြီး ၁၂ ဦးထိရှိပါတယ်။  ဒုတိယအများဆုံးအနေနဲ့ ကလေးခရိုင်က ဖြစ်ကာ ၁၀ ဦးရှိပါတယ်။ ရွှေဘိုခရိုင်မှာ ၇ ဦး၊ ကသာခရိုင် ၆ ဦး၊ မုံရွာခရိုင် ၄ ဦး၊ စစ်ကိုင်း၊ တမူးနှင့် ခန္တီးခရိုင်တို့မှာ ၁ ဦးစီရှိပြီး ကန့်ဘလူခရိုင်နဲ့  မော်လိုက်ခရိုင်မှာတော့ မတွေ့ရှိရပါဘူး။

အဆိုပါ  ၄၂ ဦးထဲက စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိရလို့ ပြန်လွှတ်သူကတော့ ၃၃ ဦးရှိပါတယ်။ ၉ ဦးကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးသန်းထွန်းအောင်က  " သေချာစောင့်ကြည့်ပြီး ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေပါတယ်။ နောက်ထပ် ရောဂါကူးစက်တိုးပွားမှု မရှိစေရေးအတွက် သွားလာတဲ့အခါမှာ Mask တွေတပ်ဖို့ ဒါတွေလည်း ဆောင်ရွက်နေပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေက ဝေငှနေသလို အစိုးရအဖွဲ့ကလည်း အသက်သာဆုံးနှုန်းနဲ့ ရောင်းချပေးနိုင်အောင် စီမံနေတယ်။ နောက်ပိုင်းတော့ Mask တပ်ပြီးမှ အပြင်ထွက်ဖို့ စည်းရုံးမယ်။ တားမြစ်တာတွေလည်း လုပ်ဖို့ စီမံထားပါတယ်။ Mask က ထိန်းချုပ်မှု နည်းလမ်းတစ်ခု အဖြစ်ပါဝင်နေတာကိုး။ အဲလိုပဲ ဒေသတွင်းဝင်လာသူတွေကိုလည်း သေချာစောင့်ကြည့်မယ်။ လိုအပ်ရင် Quarantine ထားပြီးတော့လည်း စောင့်ကြည့်သွားမယ်။"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ လက်ရှိအချိန်ထိ Facility Qurantine Center ၁၄၄၈ ခုရှိပြီး လူဦးရေ ၄၆၄၅ ဦးထိ စောင့်ကြည့်ထားပါတယ်။ Quarantine Center တွေကနေ ပြန်လည်စေလွှတ်ပြီးသူက ၁၉၃၀၀ ကျော်ရှိပါတယ်။ 

ဒါ့အပြင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ညမထွက်ရအမိန့် တိုင်းအစိုးရက ထုတ်ပြန်ထားပြီး လိုအပ်ရင် အချိန်တိုးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နေ့စဉ် မြို့တွေရဲ့ အဝင်အထွက်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေအပြင် စီစီတီဗွီတွေတပ်ဆင်ကာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် တိုင်းအတွင်းကို အဝင်အထွက်လုပ်တဲ့တံတားတွေ၊ တံတားကြီးတွေကို အဓိကထား စစ်ဆေးနေကာ လူနာတွေ့ရှိထားတဲ့ ကလေးမြို့က တပ်ဦးသီတာရပ်ကွက်နေအိမ်နဲ့ လမ်းကိုလည်း အသွားအလာ ပိတ်ပင်ထားလိုက်ပါတယ်။ 

ကျေးရွာတွေတချို့မှာလည်း အဝင်အထွက် ပိတ်တာတွေ ပြုလုပ်နေပြီး အစိုးရအနေနဲ့တော့ သီးသန့်ညွှန်ကြားတာ မရှိသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း ဘုံရန်သူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အမြန်ဆုံးတိုက်ဖျက်နိုင်ဖို့ မိမိအိမ်မှာနေခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013