DVB Logo
Home
Lead Story
နော်ဝေသံအမတ်ကြီး သင်္ကြန်နှုတ်ခွန်းဆက်စကားပြော (ရုပ်သံ)  
DVB
·
April 16, 2020
နော်ဝေသံအမတ်ကြီး သင်္ကြန်နှုတ်ခွန်းဆက်စကားပြော (ရုပ်သံ)  
Donate to DVB

မြန်မာနဲ့ ကမ္ဘာ့နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို  အတူတူတိုက်ဖျက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်က ပြောကြားလိုက်ပါတယ်။

အတာသင်္ကြန်နှုတ်ခွန်းဆက်စကားအဖြစ် သံရုံးရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေတဆင့် ရုပ်သံဗီဒီယိုနဲ့ ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ 

“အမြဲပျော်စရာကောင်းခဲ့တဲ့ သင်္ကြန်နဲ့ အီစတာပွဲတော်ကာလမှာ   ခုအချိန်ကတော့ မြန်မာပြည်နဲ့ တခြားနိုင်ငံတွေအတော်များများမှာ ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။  ကျမတို့ အတူတူရှိနေကြမယ်။ COVID-19 ရောဂါကိုအတူတူတိုက်ဖျက်ကြရပါမယ်။ ပြီးတော့ သင်္ကြန်ကို အရသာရှိလှတဲ့ မုန့်လုံးရေပေါ်နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြပါ”လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံး ရင်ဆိုင်နေကြရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဒီနှစ်သင်္ကြန်ကတော့ နည်းနည်း ထူးခြားမယ်ထင်တယ်လို့လည်း သံအမတ်ကြီးက သံရုံး လူမှုကွန်ရက်စာမျက်နှာကနေ စာနဲ့ ထုတ်ပြန် ပြောကြားထားပါတယ်။

“ဒီသင်္ကြန်မှာ ကျွန်မတို့တတွေအားလုံး အိမ်တွင်းပုန်း လုပ်ကြရပါမယ်။ အိမ်မှာနေရမယ့် အချိန်က သင်္ကြန်ကာလထက် များစွာ ရှည်သွားနိုင်ပါတယ်။ အခုလို အိမ်မှာနေခြင်းဟာ ကျွန်မတို့ကိုယ်တိုင်၊ ကျွန်မတို့ ချစ်ရတဲ့သူတွေနဲ့ COVID-19 ကို ရှေ့တန်းကနေ တိုက်ဖျက်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြား ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ အိမ်မှာနေတယ်ဆိုတိုင်း ပျင်းစရာကောင်းဖို့ မလိုပါဘူး။ ကိုယ့်အကြိုက် သင်္ကြန်ရိုးရာမုန့်တွေကို လုပ်စားလို့ ရပါတယ်။ ဒီဟာက ကျွန်မအကြိုက်ဆုံး မုန့်လုံးရေပေါ်ပါ။” လို့ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်က ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013