DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီက ဖက်ဒရယ်ပေါ်ထွန်းရေးအတွက် ပြည်ပအကူအညီယူမယ်
DVB
·
April 8, 2013
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံတကာရဲ့ ၀န်းရံပံ့ပိုးမှုကို ရယူမယ်လို့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ ယူအန်အက်ဖ်စီက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ဂျပန်နိုင်ငံအပါအ၀င် တခြားနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ၀န်းရံပံ့ပိုးမှုကို ရယူသွားမယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ထုတ်ပြန်ကြေညာပါတယ်။

ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ ယူအန်အက်ဖ်စီ ကိုယ်စားလှယ် ၂၀ ကျော်ဟာ ဧပြီ ၁ ရက်နေ့က ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးပြီးနောက် ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဂျပန်အစိုးရနဲ့ နီပွန်ဖောင်ဒေးရှင်းတို့က တိုင်းရင်းသားဒေသအတွင်း ကူညီထောက်ပံ့မှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့၊ မြန်မာအစိုးရနဲ့ နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ပေါ်လာနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို ကူညီပံ့ပိုးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရက အကူအညီကို နီပွန်ဖောင်ဒေးရှင်းကနေ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ မနှစ်က အမေရိကန်ဒေါ်လာ ၃ သန်း လူသားချင်းစာနာတဲ့အထောက်အပံ့ပေးအပ်မှုဟာ ထိရောက်အောင်မြင်မှုရှိတယ်ဆိုတာ သုံးသပ်တွေ့ရှိတဲ့အတွက် နောက်ထပ် အကူအညီရလာဖို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ ၂ ပဒိုဒေးဗစ်သာကပေါက ရှင်းပြပါတယ်။

“အဓိကက ၁ နှစ်တာကာလ လူသားချင်းစာနာတဲ့ အကူအညီတွေကို နီပွန်ဖောင်ဒေးရှင်းကပေးတာ။ အဲဒါကို ပြန်ဆန်းစစ်တယ်။ ရည်မှန်းထားသလိုဖြစ်၊ မဖြစ်၊ အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာ ဆန်းစစ်တော့ အောင်မြင်တယ်လို့ မြင်ကြတယ်။ ရှေ့ကိုလည်း လူသားချင်းစာနာတဲ့အကူအညီတွေ ပေးဖို့၊ အထူးသဖြင့် ပြည်တွင်းမှာထွက်ပြေးနေရတဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ(အိုင်ဒီပီ)တွေကို ပေးမယ်၊ ရှေ့ဆက်ပေးဖို့ရှိတယ်။ တချို့နေရာတွေ ပေးလို့မရသေးဘူး။ ဥပမာ ကချင်၊ ကချင်ဆိုရင် နှောင့်နှေးတယ်။ နောက် ရခိုင်ဘက်။”

ဂျပန်နိုင်ငံကိုသွားရောက်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံတင်ပြနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013