DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ဒေသအချို့တွင် သောက်သုံးရေ ရှားပါး
DVB
·
April 8, 2013
ရန်ကုန်တိုင်း ဒေသအချို့တွင် သောက်သုံးရေ ရှားပါး
Donate to DVB

ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေကြောင့် သောက်ရေသုံးရေ ရှားပါးမှုဒဏ်ခံနေကြရသလို နေ့အပူချိန် မြင့်မားတာကြောင့် ကာယလုပ်သားတွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ နွေရာသီရောက်တိုင်း သောက်သုံးရေကန်တွေ ခန်းခြောက်တာကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

ဒလမြို့ ဒေသခံ အိမ်ရှင်မတဦးက “ရေစပြတ်တာ ၁ လပိုင်းကနေ နည်းနည်း နည်းနည်းနဲ့။ ၂ လပိုင်းလောက်မှာ လုံးဝခန်းသွားတယ်။ ရေနည်းတဲ့ ကန်တွေကတော့ ခန်းကုန်ပြီ။ သောက်ရေကန်ကတော့ တန်းစီရတယ်၊ ၁ နာရီပဲ ပေးတယ်။ အရမ်းဝေးတဲ့သူတွေက တထမ်းလောက်ပဲ ရတယ်။ ဒီနားကလူတွေက ၂ ထမ်း၊ ၃ ထမ်းလောက်ရတယ်။ မရှိရှိတဲ့ ရေကို အဆင်ပြေအောင် သုံးနေရတယ်။ ရန်ကုန်ရေတို့ဘာတို့ လာရောင်းတာတွေ ရှိတယ်။ လာလှူကြတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ဒလမြို့ အခြားဒေသခံတဦးကလည်း “တုံကင်ရေက မကောင်းဘူး။ ရေက ငန်တယ်။ ထမင်းတွေဘာတွေ ချက်လို့မရဘူး။ ကန်က ခတ်ပြီးရောင်းကြတာ မသန့်ဘူး။ အဲ့ရေနဲ့ ထမင်းတွေ တည်ရတယ်။ သောက်ရေက  ဂျိုးဖြူကန်က တပုံး ၂၀၀ နဲ့ ၀ယ်သောက်ရတယ်။ ဂျိုးဖြူကန်က ရေတောင် ၃ ဗုံး ၅၀၀ ဆို မသန့်တော့ဘူး။ အခုရက်တွေ အတော်အခက်အခဲဖြစ်တယ်။”

ကန်ရေခန်းခြောက်တာကြောင့် ရတဲ့နည်းနဲ့ ရေရရှိဖို့ ဖြေရှင်းနေရပြီး တချို့ရပ်ကွက်တွေမှာ ကားလမ်းဘေး ၀ဲ၊ ယာရေတွေကိုပဲ သုံးစွဲနေရတာကြောင့် ကျန်းမာရေးထိခိုက်မှုရှိကြတယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။

“ဘယ်နေရာပဲကြည့်ကြည့် အဖြစ်အများဆုံးရောဂါတွေက ကင်ဆာမဟုတ်ဘူး၊ ရေကြောင့် ကူးစက်ရောဂါဖြစ်ကြတယ်။ ၀မ်းပျက်ဝမ်းလျောဖြစ်တယ်။ မျက်နှာသစ်တဲ့ ရေရှားပါးလို့ မျက်စိနာတယ်။ တုပ်ကွေးရောဂါ ရေများများလိုတယ်၊ လက်များများ ဆေးရမယ်၊ လူတွေကို လက်ဆေးဖို့ သင်ပြီး ရေမရှိဘူး။ ဒီရေတွေက မသန့်ဘူး။ ပိုဆိုးမှာပေါ့။ အဲတော့ ကျေးရွာတွေမှာ လိုက်ပြီးတော့ ‘တုပ်ကွေးရောဂါမဖြစ်အောင် လက်တွေဆေးကြပါ’ပြောနေပေမယ့် ရေမရှိဘူး၊ ဆပ်ပြာလည်း မပေးနိုင်ဘူး။ ”

ရန်ကုန်မြို့ ဒေသခံတွေကလည်း ဒီနှစ် အပူချိန်ကို ပိုမိုခံစားရတယ်လို့ ပြောဆိုနေကြပြီး ကာယလုပ်သားတွေအနေနဲ့ အပူကြောင့် နေထိုင်မကောင်းဖြစ်တာ ကြုံတွေ့နေရပါတယ်။

အနှေးယာဉ် မောင်းတဦးက “ကျန်းမာရေးတွေ ထိခိုက်တယ်။ သောက်စားပြီး နင်းကြတဲ့သူတွေက အန္တရာယ်ဖြစ်ပြီး ရှောကြတဲ့သူတွေရှိတယ်။ ကျနော်တို့လည်း မနင်းဘဲနဲ့ နားတယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး။ ကျောင်းသားတွေနဲ့ မိသားစုရှိတော့ လုပ်နေကြရတာ။ ဓာတ်ဆားရည် ၂ ရက်ခြား၊ ၃ ရက်ခြား သောက်တယ်။ မသောက်ရင် ထိုင်ဆင်းသွားလိမ့်မယ်” လို့ ပြောပါတယ်။

ဘုရင့်နောင် ကုန်ထမ်းသမားတဦးက “အခု အလုပ်သမားအကုန် နေ့ခင်းဘက် နားကြတယ်။ ပိုက်ဆံ မရှိပေမယ့် မလုပ်နိုင်ဘူး။ နေတအားပူတာ။ လာခေါ်ရင်တောင် မလုပ်နိုင်ဘူး။ ချွေးထွက် တအားများတယ်။ ဓာတ်ဆားရည်တောင် မသောက်နိုင်ဘူး။ အခုလုပ်မှအခု စားရတာ။ ဒီထက်ပူလာရင်တော့ ပြန်ဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

ဒလမြို့နယ်မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာနိုင်ဝင်းက “ရာသီဥတုက အရမ်းပြင်းလာတဲ့အတွက်ကြောင့် ဒလမှာက အခြေခံလူတန်းစားတွေ များတယ်။ ကုန်ထမ်းတဲ့အလုပ်တွေ လုပ်ကြတယ်။ တချို့က သမ္ဗာန်မောင်းတဲ့အလုပ် လုပ်ကြတယ်။ တချို့ကျတော့ ဆိုင်ကယ် ကယ်ရီဆွဲကြတယ်။ သူတို့က အပူဒဏ်ကို ခံကြရတယ်။ ဆေးခန်းလာပြရင် အပူပြင်းထန်မှုကြောင့် ခံစားရတဲ့ လက္ခဏာတွေ အပူချိန်တွေ တက်လာတယ်၊ အဖျားတွေ တက်လာတယ်၊ နောက် ချွေးကမထွက်ဘဲ အပူရဲ့ဒဏ်ကို ခံစားရတဲ့ လက္ခဏာတွေ တွေ့ရတယ်။ တချို့ ချွေးထွက်အရမ်းများပြီး ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေနဲ့ လာတာလည်း ရှိတယ်။”

နိုင်ငံပိုင်သတင်းစာတွေမှာတော့ ခရမ်းလွန်ရောင်ခြည်မြင့်မားမှုကြောင့် နေပူထဲ သွားလာ လုပ်ကိုင်မယ့်သူတွေ၊ သင်္ကြန်ရေကစားမယ့်သူတွေအနေနဲ့ အထူးဂရုစိုက်ဖို့နဲ့ နေအပူခံဆေးလိမ်းဖို့နဲ့ ထီး၊ ဦးထုပ်ဆောင်းကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013