မုံရွာမြို့တွင် မီးလောင်မှုဖြစ်ပွား
Aung Ko Latt
·
April 15, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မာဃလမ်းမှာ မနေ့ ည ၇ နာရီခွဲခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို တိုင်းမီးသတ်တပ်ဖွဲ့ ဦးစီးမှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်ကာ မြို့ပေါ်ရပ်ကွက်က မီးသတ်ကားတွေအားလုံး လာရောက် ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြပြီး ည ၈ နာရီမှာ မီးငြိမ်းသွားပါတယ်။
ဘာကြောင့်လောင်တယ်ဆိုတာတော့ မသိရသေးဘဲ မြင်တွေ့ရတဲ့အနေအထားအရ နေအိမ် အဆောက်အအုံ ၂ လုံး မီးလောင်ကျွမ်းထားပြီး အသေးစိပ်တော့ မသိရသေးပါဘူး။
မီးလောင်ရာကိုလည်း ဝန်ကြီးချုပ်လာရောက်ကြည့်ရှုကာ လိုအပ်တာတွေ ညွှန်ကြားခဲ့ပါသေးတယ်။