DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားအခွင့်အရေး အလေးထားရန် ဦးသိန်းစိန်ကို အမေရိကန်သမ္မတဟောင်း တိုက်တွန်း
DVB
·
April 8, 2013
နိုင်ငံသားအခွင့်အရေး အလေးထားရန် ဦးသိန်းစိန်ကို အမေရိကန်သမ္မတဟောင်း တိုက်တွန်း
Donate to DVB

သမ္မတ ဦးသိန်းစိန်အနေနဲ့ ကရုဏာတရား ရှေ့ထားပြီး  နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အလေးထားဆောင်ရွက်ဖို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက  တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ဧပြီ ၅ ရက် နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ။

“မိတ္တီလာမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင် အကြမ်းဖက်မှု ကိစ္စကို အထူးစိုးရိမ်မိပါတယ်။ လူတွေက လွတ်လပ်စွာ ဝတ်ပြုဆုတောင်းခွင့် ရှိပါတယ်။ ဒီမိုကရေစီ တည်ဆောက်တဲ့ နေရာမှာလည်း  ကရုဏာတရားတွေ ရှေ့ထားပြီး စေတနာထားဆောင်ရွက်ဖို့  သမ္မတ ဦးသိန်းစိန်ကို အကြံပြု တိုက်တွန်းချင်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေး လွတ်မြောက်ရေးအတွက်ကိုလည်း ကြိုးစားဖို့ လိုပါတယ်။”

ဒါ့အပြင် သူ့အနေနဲ့  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ကြိုးပမ်းမှုကို အသိအမှတ် ပြုသလို နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာတွေနဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့တာတွေလည်း အသိအမှတ် ပြုတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း မကြာခင်လွတ်လာမယ်လို့ ယုံကြည်တယ်။  ပြီးတော့ အခု ဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ်မှာ အစိုးရတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေကို သံသယ ဖြစ်စရာ မရှိပါဘူး။ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး မူဝါဒဟာလည်း နိုင်ငံသားအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ဖြစ်ပါတယ်။”

ဒါအပြင် သူ့အနေနဲ့ အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို အားလုံး ရုပ်သိမ်းပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ကာတာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆိုခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ကာတာရုံးခန်း တည်ဆောက်မယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေဆုံရာမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013