DVB Logo
Home
မြန်မာသတင်း
လက်လုပ်လက်စား စာရင်း အတိုးအလျှော့လုပ်ပါက ဟင်္သာတ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  နုတ်ထွက်မည်
DVB
·
April 12, 2020
လက်လုပ်လက်စား စာရင်း အတိုးအလျှော့လုပ်ပါက ဟင်္သာတ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  နုတ်ထွက်မည်
Donate to DVB

ဟင်္သာတမြို့ရှိ အခြေခံလူတန်းစားတွေအတွက် ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှာ ကောက်ယူထားတဲ့ အိမ်ထောင်စုစာရင်းတွေအပေါ် လူဦးရေ အတိုးအလျှော့လုပ်ပါက အစီအစဉ်မှာ ဆက်မပါတော့တဲ့အပြင် ရာထူးက နုတ်ထွက်မယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်ထွေအုပ်ထံ စာတင်ထားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကောက်ယူထားတဲ့စာရင်းတွေကို မြို့နယ်ဆီ တင်တဲ့အခါ လူဦးရေတွေ လျှေ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး  ၁၇ ဦးက စာရင်းတင်တဲ့ လူဦးရေ လျှေ့ာ၊ တိုးတာတွေ ဆက်လုပ်ရင် မလုပ်ဆောင်လိုကြောင်းနဲ့ မလုပ်ဆောင်လို့ တာဝန်ရပ်စဲပါကလည်း လက်ခံနိုင်ကြောင်း လက်မှတ်ထိုးကာ မြို့နယ်ထွေအုပ်ကို စာတင်ထားလို့ ကနောင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း က ပြောပါတယ်။

“ကျနော်က သက်ဆိုင်ရာရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စာရင်းကောက်တယ်။ အဲဒီမှာ ကျနော်တို့ ရပ်ကွက်မှာ အမှန်တကယ် အိမ်ထောင်စု ၂၂၇၀ ကျော်ရှိတယ်။ အဲဒီမှာ တကယ်တက်လာတော့ ၁၄၄၆ စု ဖြစ်သွားတယ်။ အဲဒါကိုတင်တော့ မြို့နယ်ထွေအုပ်က များလို့ လျှော့ခိုင်းတယ်။ သူတို့ လက်ခံနိုင်တာက ၃၉.၃၃ ရာခိုင်နှုန်းလောက်ပဲလို့ ပြောပြီး စာရင်းလျှော့ခိုင်းတယ်။ ဒီမှာ ခုကောက်ထားတဲ့ စာရင်းတောင် သူ မပါလို့၊ ငါမပါလို့ ပြဿနာတွေ တက်နေတာ၊ ခက်ကုန်ရော။ ဒီတော့ ၂၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေခေါ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့  မလျှော့နိုင်ဘူး၊ လျှော့ဖို့ ဆက်လုပ်ခိုင်းမယ်ဆို မလုပ်နိုင်ဘူး၊ မလုပ်နိုင်လို အုပ်ချုပ်ရေးမှူး တာဝန်က ရပ်စဲမယ်ဆိုလည်း လက်ခံကြောင်း လက်မှတ်ရေးထိုးပြီး မြို့နယ်ကို တင်ထားတယ်။”

ဒါနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ လက်ကိုင်ဖုန်းကို အကြိမ်ကြိမ်ခေါ်ဆိုပေမယ့် ဖုန်းကိုင် ဖြေကြားတာ မရှိပါဘူး။

ဟင်္သာတမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းကတော့ “ဒီနေ့ အစည်းအဝေး လုပ်တော့ လူဦးရေ သုံးသိန်းလေးထောင်ကျော်ထဲက သုံးသောင်းသုံးထောင်ကျော်လောက်တော့ ပေးဖြစ်ဖို့ များသွားပြီလေ။ တကယ်တော့ အမှန်တကယ်ကို ထမင်းတနပ်နဲ့ တနပ်ရှာဖွေစားရတဲ့လူတွေ ဖြစ်စေချင်တာပါ။ ထွက်မယ့် အုပ်ချုပ်ရေးမှူးတွေကလည်း လူကောင်းတွေဖြစ်နေတော့ မထွက်စေချင်ဘူးလေ။ အကောင်းဆုံးဖြစ်အောင်တော့ ဝိုင်းဝန်းလုပ်ကိုင်ပေးနေပါတယ်” လို့ ပြောပါတယ်။

သင်္ကြန်ကာလအတွင်း အစိုးရကနေ တပြည်လုံးအတိုင်းအတာနဲ့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ၅ မျိုး ထောက်ပံ့ပေးနေပါတယ်။

ဟင်္သာတမြို့နယ်မှာ ကျေးရွာအုပ်စုရပ်ကွက်ပေါင်း ၁၂၈ ခုရှိပြီး လူဦးရေ သုံးသိန်းလေးထောင်ကျော် နေထိုင်ကြပါတယ်။

ဟင်္သာတပြည်သူ့ဆေးရုံမှာ ဧပြီ ၁၁ ရက်အထိ သံသယလူနာ ၅ ဦး ရှိလာပြီး ပြည်ပပြန် စောင့်ကြည့်ခံ ဦးရေ ၃၅၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013