DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ ရက်ရွှေ့
DVB
·
April 5, 2013
အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ ရက်ရွှေ့
Donate to DVB

ဆွေးနွေးပွဲတက်ဖို့ ဖိတ်ခေါ်ထားတဲ့ ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန် ကိုယ်စားလှယ်တွေ အဆင်သင့်မဖြစ်သေးတဲ့အတွက် အစိုးရနဲ့ ကေအိုင်အို တွေ့ဆုံပွဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ မြစ်ကြီးနားမှာတွေ့ဆုံဖို့ ဧပြီ ၆ ရက်နေ့ကို သတ်မှတ်ထားပေမယ့် ရွှေ့ဆိုင်းဖို့ ဧပြီ ၃ ရက်နေ့ ညမှာ အကြောင်းကြားခဲ့တာလို့ ဦးဆန်အောင်က ပြောပါတယ်။

[caption id="attachment_38197" align="alignleft" width="300" caption="အစိုးရနှင့် ကေအိုင်အို မတ်လ ၁၁ ရက်နေ့က ရွှေလီတွင်တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ- Hla Maung Shwe)"][/caption]

“နှစ်ဖက်လုံးအဆင်သင့် မဖြစ်သေးလို့ ရက်ကလည်း တအားကပ်နေလို့ ရက်ရွှေ့ဆိုင်းတယ်။ ပြန်လုပ်မယ့်ရက်ကို နှစ်ဖက်ပြန်ဆွေးနွေးပြီးမှ အတည်ပြုကြမယ်။ ဒီလအတွင်းလောက်ပါပဲ။ လေ့လာသူအဖြစ်နဲ့ တက်မယ့်သူတွေကလည်း မစုံသေးဘူး။ ကေအိုင်အို ဆွေးနွေးရေးအဖွဲ့ကလူတွေလည်း ခရီးလွန်နေတယ်။ ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန် ကိုယ်စားလှယ်တွေပါမယ်ဆိုတာလည်း အကြောင်းမပြန်သေးဘူး။”

နှစ်ဖက် ပြန်လည်ဆွေးနွေးမယ့်ရက်ကို မသတ်မှတ်ရသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

“ရက်အတိအကျ ပြန်မရွေးရသေးဘူး။ အခုက အဆင်သင့်မဖြစ်သေးတော့ ခဏဆုတ်လိုက်တဲ့ သဘော။ သင်္ကြန်အပြီးမှ လကုန်လည်းဖြစ်ရင်ဖြစ်မယ်။ အခုအချိန်မဖြစ်သွားတော့ သင်္ကြန်လာပြီဆိုတော့ သင်္ကြန်အပြီးပဲဖြစ်မယ်ပေါ့။”

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ် အစိုးရကိုယ်စားလှယ်တွေ ပါဝင်တက် ရောက်ဖို့ ကေအိုင်အိုက ကမ်းလှမ်းခဲ့ပေမယ့် ကုလသမဂ္ဂက လွဲလို့ အမေရိကန်၊ ဗြိတိန်၊ တရုတ်အစိုးရတို့ ပါဝင်ဖို့ အကြောင်းမပြန်သေးဘူးလို့ ကေအိုအိုဘက်က အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ အစိုးရနဲ့ ကေအိုင်အိုတို့ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ တိုက်ပွဲတွေ လုံးဝ ရပ်ဆိုင်းဖို့ သဘောတူညီခဲ့ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ   ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း ပစ်ခတ်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့အတွက် အလွတ်သဘောအနေနဲ့ရော၊ တရားဝင်ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ၈ ကြိမ်ရှိပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ မတ်လအထိ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013