DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်က လက်လုပ်လက်စား အိမ်ထောင်စု ၂၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မည်
DVB
·
April 10, 2020
ဝမ်းတွင်းမြို့နယ်က လက်လုပ်လက်စား အိမ်ထောင်စု ၂၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မည်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုပေါင်း ၂၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ လျာထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးရုံး ရုံးအုပ်ကြီး ဦးအောင်ကျော်ဦး က "ပြည်သူတွေ ထောက်ပံ့ရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တင်ပြထားတဲ့ လက်လုပ်လက်စား စာရင်းတွေ အရ လျာထားပါတယ်။ အိမ်ထောင်စု ၂၁၀၀၀ ကျော် လူဦးရေ ၈၀၀၀၀ ကျော်ရှိမယ်။ စိစစ်ရေးမူ အချက် ၃၀ နဲ့ စိစစ်အတည်ပြုထားတာပါ" လို့ ပြောပါတယ်။

ရိက္ခာကူညီထောက်ပံ့ပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ လက်လုပ်လက်စား စာရင်း လိုက်ကောက်နေရာမှာ  အငြင်းပွားမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ 

ဒေသခံ ကိုဝေလင်းက " တိုက်ကြီးနဲ့နေရင် ရက်ဖောက်စက်၊ ချည်ချစက်၊ အပ်ချုပ်စက် ရှိနေရင် စာရင်းထဲ မထည့်ဖူးဆိုတော့ အဲဒီတိုက်တွေ စက်တွေက အငှားတွေဆိုတာ ပြောပေမယ့် စာရင်းထဲမထည့်ဘူးဆိုတဲ့ ရပ်ရွာထဲမှာ အငြင်းပွားဖွယ်တွေ ရှိနေတယ်" ပြောပါတယ်။

ညောင်အုပ်ဖီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်ကတော့ "အစိုးရက ပေးတယ်ဆိုတော့ ပိုက်ဆံရှိသူတွေ စားဝတ်နေရေး ပြေလည်သူတွေကလည်း လိုချင်ကြတယ်။ ရှင်းပြရတာပေါ့၊ လက်လုပ်လက်စားတွေကို ကိုဗစ် ၁၉ ကာလ စားသောက်ရေး အဆင်ပြေအောင်ပေးတာပါ။ အိမ်ပေါက်စေ့ ပေးတာ မဟုတ်ပါဘူး။ တတ်နိုင်သူက မတတ်နိုင်သူ မရှိသူ လိုအပ်သူကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူပါပေါ့။ ပေးမှာကတော့ ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ ၁ပိဿာ၊ ကြက်သွန် ၁ ပိဿာ စတဲ့ ၅ မျိုး ကို အခု တရက် နှစ်ရက်အတွင်း ပေးမှာပါ"လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ အိမ်ထောင်စု ၃၅၀၀၀ကျော်ကို အခြေခံစားကုန်တွေ ထောက်ပံ့ပေးဖို့ စာရင်းကောက်ယူထားပါတယ်။ မလှိုင်မြို့နယ်မှာတော့ အိမ်ထောင်စု ၁၁၀၀ ကျော် သာစည်မြို့နယ်မှာ အိမ်ထောင်စု ၁၉၀၀၀ ကျော် စာရင်းယူထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013