DVB Logo
Home
မြန်မာသတင်း
ဖားကန့်နယ်မြေအတွင်း ဧည့်သည်ဝင်ရောက်မှု ဧပြီ ၁၂ ရက်နေ့ စတင်တားမြစ်မည်
DVB
·
April 10, 2020
ဖားကန့်နယ်မြေအတွင်း ဧည့်သည်ဝင်ရောက်မှု ဧပြီ ၁၂ ရက်နေ့ စတင်တားမြစ်မည်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းမှာရှိတဲ့ ဖားကန့်ရတနာနယ်မြေကို ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧည့်သည်ဝင်ရောက်လာမှုကို ဧပြီ ၁၂ ရက်နေ့ စတင်တားမြစ်သွားတော့မယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။

အခုလို တားမြစ်မှု မလုပ်ခင်မှာ အများပြည်သူတွေ သိရှိနိုင်ဖို့ သုံးရက်ကြိုတင်ကြေညာသွားမှာဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့ စတင်ကာ မြို့အဝင်ဂိတ်လေးဂိတ်ကနေပြီး ဝင်ရောက်လာမဲ့ ဧည့်သည်တွေကို တားမြစ်ပိတ်ပင်သွားမယ်လို့လည်း ဆိုပါတယ်။

၁/မကန မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ၊ ၆၆/၆ယာယီအိမ်ထောင်စု ကိုင်ဆောင်ထားသူတွေ၊ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ထောက်ခံတဲ့ အိုးအိမ်နဲ့ အတည်တကျနေထိုင်သူတွေ၊ အစိုးရဝန်ထမ်းနဲ့ ကုမ္မဏီ ဝန်ထမ်းတွေကိုသာ ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

အခုလို ဖားကန့်မြို့ ဝင်ရောက်လာသူတွေကို လူရွေးပြီး စိစစ်လက်ခံတာဟာ ရောဂါကူးစက်ပြန့်ပွားမှုကို အထိရောက်ဆုံး ကာကွယ်တာဖြစ်အတွက် ကြိုဆိုထောက်ခံတယ်လို့ ဒေသခံများနဲ့အရပ်ဘက် ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013