DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျနိုင်ငံက  မြန်မာအတွက် ဆေးဘက်ဆိုင်ရာပစ္စည်း ဒေါ်လာ ၅ သိန်းဖိုး လှူဒါန်း  
DVB
·
April 10, 2020
ဩစတြေးလျနိုင်ငံက  မြန်မာအတွက် ဆေးဘက်ဆိုင်ရာပစ္စည်း ဒေါ်လာ ၅ သိန်းဖိုး လှူဒါန်း  
Donate to DVB

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဩစတြေးလျနိုင်ငံက မြန်မာကျပ်ငွေ သိန်း ၄၀၀၀ တန်ဖိုးနဲ့ညီမျှတဲ့   ဩစတြေးလျဒေါ်လာ ၅ သိန်းဖိုး ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကူညီမယ်လို့ ကြေညာပါတယ်။

မြန်မာနိုင်ငံရှိ လူထုကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူ ဖြစ်စေဖို့ လှူဒါန်းတာဖြစ်ပြီး  အဆိုပါ အထောက်အကူပြုပစ္စည်းတွေကို ဝယ်ယူဖို့နဲ့ အလိုအပ်ဆုံးသောနေရာတွေကို ပေးပို့ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဗဟိုဆေးသိုလှောင်ရေးဌာနနဲ့  ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဩစတြေးလျသံရုံးရဲ့ ဧပြီ ၉ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

မြန်မာအတွက် ကူညီပေးတဲ့ ဆေးပစ္စည်းတွေထဲမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း   Masks ၃၈၀၀၀၀ ၊ PPE ဝတ်စုံ ၂၅၀၀၊ လက်အိပ် အစုံ ၂၀၀၀၀ ၊ Patient Monitors ၅ ခု၊ ICU ကုတင် ၅ ခု၊ Suction စက် ၁၀ ခု၊ Syringe Pumps ၁၀ ခု၊ Oxygen Flow မီတာ၁၀ ခု၊ Defibrillators ၅ ခု၊ Autoclaves ၉ ခု၊ Tracheostomy Sets ၉ စုံနဲ့ Head Pendants  ၁၀ စုံ စတာတွေ ပါဝင်ပါတယ်။

ဩစတြေးလျ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီ၊ တီဘီနဲ့ ငှက်ဖျား ရောဂါသုံးမျိုးတိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Three Diseases Fund ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကို ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဩစတြေးလျဒေါ်လာ သန်း ၂၂၀ ပံ့ပိုး ကူညီပေးခဲ့တယ်လို့ လည်းသိရပါတယ်။

ဓာတ်ပုံ- Australian Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013