DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ကျောင်းသူအပါအဝင် အောင်သပြေရွာသားများကို ရုံးထုတ်စစ်ဆေး
DVB
·
April 9, 2020
ရတနာပုံတက္ကသိုလ်ကျောင်းသူအပါအဝင် အောင်သပြေရွာသားများကို ရုံးထုတ်စစ်ဆေး
1 / 5
Donate to DVB

ဘိလပ်မြေစက်ရုံဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့်  ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသား ၁၀ ဦးကို ဒီကနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ  ရုံးထုတ်စစ်ဆေးပါတယ်။

ရွာသားတွေဖြစ်တဲ့ ဦးရွှေအုန်း၊ ဦးငြိမ်းအေး၊ ဦးမြင့်နိုင်၊ ဦးငြိမ်း၊ အောင်မင်းမင်း၊ တူးဝေယံ၊ ဒေါ်ရွှေ၊  ဒေါ်ရင်ရင်အေး၊ မငြိမ်းဌေးနဲ့ ရတနာပုံတက္ကသိုလ် ရုက္ခဗေဒ မဟာတန်း နောက်ဆုံးနှစ် ကျောင်းသူ မသီရိအောင်(ခ) မသင်းသင်းဆွေတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂ ၊ ၁၁၄တို့နဲ့ ပုသိမ်ကြီးမြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က တရားလိုလုပ် တရားစွဲဆိုထားပါသည်။

ဖမ်းဆီးခံရသူတွေအထဲက ဦးရွှေအုန်းနဲ့ မငြိမ်းငြိမ်းဌေးတို့ကိုတော့ အရင်အောင်သပြေရွာ ပဋိပက္ခမှာ ပါ၀င်ပြီး ၀ရမ်းထုတ်ခံရတာကြောင့် မီးရှို့မှု၊တာ၀န်၀တ္တရား နှောင့်ယှက်မှုတို့နဲ့ ထပ်ဆင့် တရားစွဲဆိုထားပါတယ်။

အောင်သပြေကျေးရွာကို ပြီးခဲ့တဲ့  မတ်လ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့က ၀င်ရောက်ပြီး ရွာသား ၁၀ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။  

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013