DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ Quarantine ခံယူနေရသူများကို တယ်လီဖုန်းဘေလ် ထောက်ပံ့
DVB
·
April 9, 2020
ဝက်လက်မြို့နယ်၌ Quarantine ခံယူနေရသူများကို တယ်လီဖုန်းဘေလ် ထောက်ပံ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ Facility Quarantine ခံယူထားသူတွေကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်‌ရေး မြို့နယ်အဆင့် ဘဏ္ဍာငွေရှာဖွေရေးနဲ့ ကူညီ စောင့်ရှောက်ရေးကော်မတီကနေ ဧပြီ ၇ ကစပြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖုန်းဘေလ်တွေ ကူညီထောက်ပံ့နေပါတယ်။

ကော်မတီဝင်  ဦးထွန်း‌ထွန်းဇော်က “မြို့နယ်အတွင်းက ကျေးရွာအသီးသီးကို အဖွဲ့ခွဲပြီး လိုက်ကူညီပေးနေတာပါ။ Facility Quarantine နေရာတွေကများတော့ အားလုံးထောင့်စေ့အောင်၊ နေရာမလပ်ရအောင် ကျနော်တို့ ကြိုးစားပြီး ကူညီထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်”လို့ ပြောပါတယ်။

ကော်မတီအနေနဲ့ Facility Quarantine ခံယူထားသူတွေအပြင် မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ Facility Quarantine စောင့်ကြည့်သူရပ်မိရပ်ဖတွေနဲ့ အခြားလိုအပ်တဲ့အဖွဲ့အစည်းတွေကိုလည်း အထောက်အပံ့ပစ္စည်းနဲ့ အလှူငွေရရှိလာတဲ့အပေါ်မူတည်ပြီး ကူညီပေးနေတဲ့ အပြင် ကျန်းမာ‌ရေးဝန်ထမ်း ဆရာ/ဆရာမတွေအ‌နေနဲ့လည်း  ကျန်းမာရေးစစ်ဆေးတာတွေ၊ နှိုးဆော်တာတွေကို အချိန်နဲ့တပြေးညီ လုပ်ပေးနေကြတယ်လို့ ဆိုပါတယ်။

မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇင်လတ်က “ပြည်တွင်းပြည်ပ စောင့်ကြည့်ခံသူတွေရဲ့ကျန်းမာရေးကို အတတ်နိုင်ဆုံး ကြပ်မတ် စောင့်ရှောက်နေပါတယ်။ ကျနော်တို့ မြို့နယ်အနေနဲ့ ထူးခြားမှုမတွေ့ရသေးပေမယ့် သတိနဲ့နေဖို့တော့ လိုပါတယ်။ အဲဒီ အတွက်လည်း ကျန်းမာရေးဝန်ထမ်းတွေက လှည့်လည်နှိုးဆော်မှုတွေလည်း လုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။

Facility Quarantine ခံယူထားသူတစ်ဦးကို ဖုန်းဘေလ်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆပ်ပြာဘူးနဲ့ နှာခေါင်းစည်း Maskတွေထောက်ပံ့ပေးပြီး ကြီးကြပ်စောင့်ရှောက်သူ ရပ်မိရပ်ဘအဖွဲ့တဖွဲ့ကို  ငွေကျပ် ၅၀၀၀၀ နဲ့ Hand gel ၊ Mask တွေလည်း ကူညီထောက်ပံ့ပေးထားပါတယ်။

ဝက်လက်မြို့နယ်မှာ  ရပ်ရွာအခြေပြု Facility Quarantine နေရာ  ၃၆ ခုမှာ လူပေါင်း ၁၇၉ ဦးကို စောင့်ကြပ်ကူညီထောက်ပံ့ပေးထားပြီး  ကျန်နေရာတွေကိုလည်း ဆက်လက်ထောက်ပံ့ဖို့ အစီအစဉ်ရှိပါတယ်။

COVID- 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့အနေနဲ့ ဧပြီ ၄ ရက်နေ့ကလည်း  တိုက်နယ်ဆေးရုံတွေအတွက် အောက်ဆီဂျင်စက် တလုံးစီ၊ နှာခေါင်းစည်း အခု ၅၀ စီပါ ၅ ဘူးစီ၊  SPO စက် ၂ လုံး၊ သာမိုမီတာ အပူတိုင်းစက် ၁ လုံးစီ၊ ပိုးသတ်ဆေး ၈ ဘူးစီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးအတွက်လည်း အောက်ဆီဂျင်စက် အကြီး ၂ လုံးနဲ့ နှာခေါင်းစည်း၊ လက်အိပ်နဲ့ ပိုးသတ်ဆေးဘူးတွေအပါအဝင် စုစုပေါင်းကျပ်  သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013