Home
မြန်မာသတင်း
VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ
DVB
·
April 9, 2020
IMG_1210
IMG_1185
IMG_1165
IMG_1146
IMG_1102
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် တရားရုံးမှာ ဒီမနက်  ဒုတိယအကြိမ် ရမန်ယူပါတယ်။  မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားလိုပြုလုပ်  တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ မတ်လ ၂၇ နေ့က VOM သတင်းဌာနရဲ့ ထုတ်လွှင့်ချက်ပါ  အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းတွေဟာ  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဖို့ပြီး တရားစွဲဆိုခဲ့တာပါ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)ဟာ အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တကျွန်းကျစေနိုင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က)ကတော့ အနည်းဆုံးထောင်ဒဏ်(၃)နှစ် မှ အများဆုံး ထောင်ဒဏ်(၇)နှစ်ထိ ကျခံရနိုင်တာဖြစ်ပါတယ်။ ဒီအမှုအတွက် လာမယ့် ရုံးချိန်းကိုတော့  ဧပြီ ၂၃ ရက်နေ့ ထပ်မံ ချိန်းဆိုထားပါတယ်။ Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024