DVB Logo
Home
မြန်မာသတင်း
တရားစွဲဆိုခံထားရသည့် ဘင်္ဂါလီ ၁၂၈ ဦးကို အမှုရုပ်သိမ်းပြီး အပြီးပြတ်လွှတ်
DVB
·
April 9, 2020
တရားစွဲဆိုခံထားရသည့် ဘင်္ဂါလီ ၁၂၈ ဦးကို အမှုရုပ်သိမ်းပြီး အပြီးပြတ်လွှတ်
Donate to DVB

ဧရာဝတီတိုင်းကို ရခိုင်ပြည်နယ်ကနေ တရားမဝင် ဝင်ရောက်လာမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဘင်္ဂါလီ ၁၂၈ ဦးကို ပုသိမ်မြို့နယ်တရားရုံးက  ဧပြီ ၈ ရက်နေ့မှာ အမှုကို ရုပ်သိမ်းပြီး အပြီးပြတ် လွှတ်ပေးလိုက်တယ်လို့ ပုသိမ်မြို့နယ်တရားရုံး တာဝန်ရှိသူကပြောပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဘင်္ဂါလီတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ နဲ့အညီအမှုကို ရုပ်သိမ်းပေးဖို့ အမှုလိုက်ဥပဒေအရာရှိက လျှောက်ထားလာလို့ အမှုပိတ်သိမ်းပြီး အပြီးပြတ်လွှတ်လိုက်တာလို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စွဲချက်မတင်ရသေးတဲ့ ကလေးသူငယ်တွေကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၄၈ အရ အမှုကနေ အပြီးပြတ်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂါလီ ၁၂၈ ဦးကို ချောင်းသာကမ်းခြေသွားတဲ့လမ်းရှိ ဥတိုတံတားအနီးနဲ့ ရွှေသောင်ယံကမ်းခြေမြို့ ပေါက်လှချိုင်ကမ်းခြေမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွေမှာ ဖမ်းမိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။

ဘင်္ဂါလီတွေဘက်ကနေ အမှုလိုက်ပေးတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ဟေမာန်ဖြိုးက “တရားလိုဖြစ်တဲ့ လဝကဘက်ကနေ အမှုရုပ်သိမ်းလွှာတင်တော့ ဒီနေ့မှာ အပြီးပြတ်လွှတ်ပေးလိုက်ပါတယ်။ သူတို့ဒေသတွေကို ပြန်ဖို့အတွက် လဝကနဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ပြန်ပို့ပေးမှာပါ၊ သူတို့ဒေသကို သူတို့ပြန်ရောက်ပြီး မိသားစုတွေနဲ့ ဆုံခွင့်ရတော့မှာမလို့ အများကြီး ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂါလီ ၁၂၈ ဦးကို ဧပြီ ၉ ရက်နေ့ပြန်ပို့မှာ ဖြစ်ပြီး အများစုကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော် မြို့နယ်မှာ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။

ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းခြေဒေသတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေ တာကြောင့် ကုန်လမ်းကရော ရေလမ်းကပါ မကြာခဏဆိုသလို မော်တော်ယာဉ်တွေ စက်လှေတွေနဲ့ ဝင်ရောက်လာတာတွေရှိလို့ အထောက်အထားမဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးနေရ တာဖြစ်ပြီး တရားစွဲဆိုထောင်ချတာတွေ နေရပ်ပြန်လည်ပို့ဆောင်တာတွေ ပြုလုပ်နေရတာပါ။

အခုလ ၃ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ကမ်းခြေမှာ တပ်မတော် (ရေ)က ဖမ်းမိခဲ့တဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၃၈ ဦးကိုတော့ ကမ်းပေါ်အကပ်မခံဘဲ တာဝန် ရှိသူတွေက ရိက္ခာတွေထောက်ပံ့ပေးပြီး ထွက်လာတဲ့နေရပ်ကို ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013