DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာ ဆွစ်ဇာလန်နိုင်ငံသူ ရောဂါပိုးမရှိတော့သဖြင့် နေပြည်တော်ဆေးရုံက ဆင်းခွင့်ပေး
DVB
·
April 8, 2020
COVID-19 လူနာ ဆွစ်ဇာလန်နိုင်ငံသူ ရောဂါပိုးမရှိတော့သဖြင့် နေပြည်တော်ဆေးရုံက ဆင်းခွင့်ပေး
Donate to DVB

COVID-19 အတည်ပြုလူနာ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့တော့တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးပြီး ဟိုတယ်မှာ  နှစ်ပတ်ထားကာဆက်လက် စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

“ကျနော်တို့ရဲ့ WHO ရဲ့ သတ်မှတ်ချက်တွေအရလည်း ဒီလူနာတွေ ဆေးရုံက ဆင်းသွားပြီးလို့ရှိရင် Home Quarantine အနေနဲ့ နှစ်ပတ်ဆက်ပြီး စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။ နေပြည်တော်ရဲ့ အစီအစဉ်အရ ဟိုတယ် Quarantine အနေနဲ့ နောက်ထပ် နှစ်ပတ်နေမယ်လို့ ကျနော်တို့ သိရပါတယ်”

အသက် ၅၈ နှစ်အရွယ်ရှိ ဆွစ်ဇာလန်နိုင်ငံသူ  ယူအန်ရုံးဝန်ထမ်းဟာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်က ထုတ်ပြန်ထားခဲ့တာပါ။

လူနာကို နေပြည်တော် ကုတင် ၁၀၀၀ မှာ ဆေးကုသမှုခံယူနေရင်း ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှ ၂ ကြိမ်တိုင် ရောဂါပိုးမတွေ့ရလို့  WHO ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့အထိကို COVID-19  အတည်ပြုလူနာ ၂၂ ဦးရှိပြီး ၃ ဦးကတော့ သေဆုံးသွားပါတယ်။ ရောဂါပြန်လည်ပျောက်ကင်းသွားမှုကတော့ မန္တလေးက လူနာ ၁ ဦးနဲ့ နေပြည်တော်က ၁ ဦး စုစုပေါင်း ၂ ဦး ရှိလာပြီဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013