DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ခရီးသွားလာခွင့်တားမြစ်မိန့် ပယ်ဖျက်၊ COVID-19 ကော်မတီ အသစ်ပြန်ဖွဲ့
DVB
·
April 8, 2020
စစ်ကိုင်းတိုင်းတွင် ခရီးသွားလာခွင့်တားမြစ်မိန့် ပယ်ဖျက်၊ COVID-19 ကော်မတီ အသစ်ပြန်ဖွဲ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုင်းအဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီကို တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဒီကနေ့ ဖျက်သိမ်းကာ အသစ်ဖွဲ့စည်းလိုက်ပြီး ဧပြီလ ၇ ရက်က ဝန်ကြီးချုပ်လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ တားမြစ်မိန့်ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ 

အရင်က ထုတ်ပြန်ထားတဲ့ အမိန့်စာမှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း လုပ်ငန်းတွေ၊ အများပြည်သူအပန်းဖြေ သွားရောက်လည်ပတ်ရာ နေရာတွေ၊ ကစားကွင်းတွေ ယာယီပိတ်ထားဖို့နဲ့ မဖြစ်မနေခရီးသွားလာဖို့ လိုအပ်တယ်ဆိုရင် ကိုယ့်မြို့နယ်ရဲ့ ထောက်ခံချက်နဲ့ သွားလာကြဖို့ ညွှန်ကြားထားပါတယ်။ 

ဒါပေမယ့် ဘဏ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စက်သုံးဆီဆိုင်တွေ၊ စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေ၊ လျှပ်စစ် စတဲ့ကဏ္ဍတွေကိုတော့ ပုံမှန်အတိုင်းလည်ပတ်ခွင့်ပြုထားပါတယ်။ 

ဒီညွှန်ကြားချက်က ဧပြီလ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၁၅ ရက်ကြာ သတ်မှတ်ထား တာတာဖြစ်ပြီး အခုတော့ဒီညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကော်မတီအဟောင်းဖြစ်တဲ့ COVID-19 ကာကွယ်တားဆီးထိန်းချုပ်ရေး၊ ကုသရေး နှင့် စောင့်ကြပ်ကြည့်ရှုရေးကော်မတီကိုလည်း ဖျက်သိမ်းလိုက်ပြီး အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီမှာတော့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။

လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း "ခါတိုင်းဆိုရင် သင်္ကြန်နားနီးမှာ ဝယ်ကြခြမ်းကြနဲ့ အဲဒီအချိန်တွေရအောင်ရယ် နောက်ပြီးတော့ အကုန်မထုတ်သေးဘဲနဲ့ တစ်တိုင်းတစ်မျိုးဖြစ်နေမှာစိုးလို့ ပြည်ထောင်စုရဲ့ ညွှန်ကြားချက်လည်း စောင့်နေတာပေါ့လေ။ ပြီးတော့ ကော်မတီကိုလည်း ပြောင်းလိုက်ပြီ။ ကာကွယ်ထိန်းချုပ် ကုသရေးအစား ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖြစ် ပြောင်းလိုက်တာပေါ့။"လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကလည်း တိုင်းအတွင်းမှာရှိတဲ့ လူငယ် စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်နေပါတယ်။ 

ရောဂါပိုမိုပြန့်ပွားလာရင် အသိပညာပေးတာ၊ Quarantine Zone တွေကို ကူညီတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတာတွေ ပြုလုပ်နိုင်ဖို့အတွက် ဖိတ်ခေါ်တာဖြစ်တယ်လို့လည်း လူငယ်ရေးရာကော်မတီဝင်တစ်ဦးက ပြောပါတယ်။ 

COVID-19 ရောဂါ အတည်ပြုလူနာတွေ့ရှိလာခဲ့ရင်တော့ တိုင်းအတွင်းက ခရိုင်ဆေးရုံကြီးတွေမှာပဲ ကြပ်မတ်ကုသပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013