DVB Logo
Home
မြန်မာသတင်း
Google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ
DVB
·
April 4, 2013
Google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ
Donate to DVB

ဒီကနေ့ကစပြီး အင်တာနက်ကွန်ရက် ရှာဖွေရေးအင်ဂျင် Google ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မြန်မာဘာသာ အသုံးပြုလိုသူတွေအနေနဲ့ www.google.com.mm ကို ၀င်ပြီး Search Box ရဲ့ အောက်က “မြန်မာဘာသာ” စကားလုံးကို ကလစ်နှိပ်လိုက်ရင် ဂူဂဲ ဆက်တင်ဟာ မြန်မာဘာသာနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဂူဂယ်အသုံးပြုသူတွေအနေနဲ့ ဖော်ပြထားတဲ့ မြန်မာစာလုံးတွေကို အမှန်အတိုင်းပေါ်ဖို့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Myanmar 2, Myanmar 3 စတဲ့ ယူနီကုဒ်ဖောင့်ကို အရင် ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ဂူဂယ်မြန်မာ ၀က်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက်မလည်ပတ်မီ ၁ ရက်အလို မတ် ၂၁ ရက်နေ့က စတင်ကာ မြန်မာဒိုမိန်းနဲ့ www.google.com.mm ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့တုန်းက အင်္ဂလိပ်ဘာသာနဲ့သာ ဖော်ပြထားပေမယ့် ဒီနေ့မှာ မြန်မာဘာသာ ၀န်ဆောင်မှုကိုပါ ထည့်သွင်းပြောင်းလိုက်တာပါ။

အခုလက်ရှိ ဂူဂယ်မြန်မာ စာမျက်နှာပေါ်မှာ တွေ့ရတဲ့ "Google.com.mm အမည်များအား ဈေးလျော့ပေးနေသည်မှာ" စာကြောင်းရဲ့ ဆိုလိုရင်းကို အင်တာနက်သုံးစွဲသူအချို့ နားမလည် ဖြစ်နေပေမယ့် ဘေးနားက English လင့်ကို နှိပ်လိုက်ရင်တော့ အင်္ဂလိပ်ဘာသာ စာမျက်နှာကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။
Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို မတ် ၂၂ ရက်နေ့ လာရောက်ခဲ့စဉ်က နိုင်ငံတွင်းမှာ အင်တာနက် ထိန်းချုပ်မှုကို ပိုမိုဖွင့်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့သလို သူ့ခရီးစဉ်နောက်ပိုင်းမှာ ဂူဂယ်ရဲ့ ၀န်ဆောင်မှု Google Play Store ကိုလည်း မြန်မာနိုင်ငံကနေ တရားဝင် အသုံးပြုလာနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013