DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် လယ်မြေသိမ်းဆည်းမှု ပထမဆုံးအကြိမ် လျော်ကြေးရရှိ
DVB
·
April 3, 2013
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲမှာ အစိုးရတပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ပထမဆုံးအကြိမ် လျော်ကြေးငွေ ရွာသားတွေ  ပြန်လည်ရရှိခဲ့ပါတယ်။

အစိုးရ  ရဲတပ်ရင်း ၂၂ အဆောက်အအုံ တည်ဆောက်ရာမှာ ပါသွားတဲ့  ဘားအံမြို့နယ်  လှာကာကျေးရွာက ရွာသား ၁၃ ဦးပိုင် လယ်မြေဧကပေါင်း ၇၀ ကျော်အတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၀၀ နီးပါးကို မတ် ၂၃ ရက်နေ့မှာ ပြန်ရခဲ့တာလို့ ဖလုံစဝေါ်ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန့်စေးအွာက ပြောပါတယ်။

“ကရင်ပြည်နယ်မှာ ပထမဆုံးအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လူထုထဲကို ပြန်နစ်နာကြေး၊ လျော်ကြေးပေးတာ ဒါပထမဆုံးအကြိမ်ပဲ။ ဒီအတွက်လည်း ကျေးဇူးတင်တယ်။ ပြည်ထဲရေး ၀န်ကြီးဌာနကိုလည်း ကျေးဇူးတင်တယ်။ တာဝန်ကျတဲ့ ရဲမှူးကြီးတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောလိုက်တယ်။ ပေးခဲ့တဲ့ ငွေပမာဏက ၄၅၉ သိန်း ၉ သောင်းကျော်။ တောင်သူလယ်သမားတွေက သူတို့ရတာကို ၀မ်းသာနေကြတာ။”

ရွာသားတွေဟာ မြေသိမ်းခံရတဲ့ အမှုပေါင်း ၁၀ မှုကျော် လာတိုင်ထားကြောင်း၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ထဲက ဒေသခံပိုင်မြေတွေဖြစ်ပြီး  အများစုက အစိုးရတပ်ရဲ့ သိမ်းဆည်းမှုခံရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့ ပါတီအနေနဲ့ ဒေသအားလုံးထိ ကွင်းဆင်းစစ်ဆေးမှု မပြုနိုင်သေးတာကတကြောင်း၊  တချို့ရွာသားတွေဘက်ကလည်း  မြေသိမ်းခံရတဲ့နေ့ရက်နဲ့ အချိန်တွေ အတိအကျ မှတ်မထားတာ၊  အထောက်အထား မခိုင်လုံတာ ရှိနေတယ်လို့ ဆိုပါတယ်။
ဘားအံမြို့နဲ့ ၁၀ မိုင်ကျော် ဝေးတဲ့ သံလွင်မြစ်အရှေ့ဘက်ခြမ်း  လှိုင်ဝါးကျေးရွာမှာ အကျဉ်းဦးစီးဌာနက ရွာသားပိုင်မြေဧကပေါင်း ၈၀၀ ကျော်ကို ဘ၀သစ် အမှတ်  ၇  အကျဉ်းစခန်း တည်ဆောက်ဖို့ သိမ်းယူခဲ့တယ်လို့ ရွာသားတွေက ဒီနေ့ ဧပြီ ၃ ရက်နေ့မှာ လာရောက် တိုင်တန်းထားကြောင်း၊ အဲဒီ တင်ပြချက်တွေကို  စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြသွားမယ်လို့ ဒေါ်နန့်စေးအွာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013