DVB Logo
Home
မြန်မာသတင်း
အသက်ရှူကူစက် Ventilator ရှေ့ပြေးပုံစံ  မြန်မာပြည်တွင်း စမ်းသပ်ထုတ်လုပ်
DVB
·
April 7, 2020
အသက်ရှူကူစက် Ventilator ရှေ့ပြေးပုံစံ  မြန်မာပြည်တွင်း စမ်းသပ်ထုတ်လုပ်
1 / 4
Donate to DVB

COVID-19 လူနာတွေအပါအဝင် အသက်ရှူဖို့ ခက်ခဲနေတဲ့ လူနာတွေကို ကုသရေးမှာ  အဓိကအသုံးပြုတဲ့ Ventilator - အသက်ရှူကူစက် ဝယ်ယူဖို့ အခက်အခဲတွေ ရှိနိုင်တာကြောင့် အရေးပေါ်ကူညီနိုင်ဖို့  Homemade Medical Ventilator ရှေ့ပြေးပုံစံတွေကို မြန်မာပြည်တွင်းမှာ စမ်းသပ်ထုတ်လုပ်နေပါတယ်။

မန္တလေးမြို့က  UD Group အဖွဲ့သားတွေ စုပေါင်းပြီး   Ventilator - အသက်ရှူကူစက် စမ်းသပ်ထုတ်လုပ်ပုံဖော်နေတာဟာ အခုဆိုရင်တော့   ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပါပြီ။ 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသဖို့အတွက် လိုအပ်တဲ့နေရာတွေမှ အသုံးပြုနိုင်ဖို့ ရည်ရွယ် စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး ဒီအသက်ရှူကူစက်ဟာ  အသက်ရှူဖို့ ခက်ခဲနေတဲ့ လူနာတွေ အသက်ကောင်းကောင်းရှူနိုင်ဖို့ အများကြီးအထောက်အပံ့ပေးနိုင်တယ်လို့ UD Group မှ ဦးခင်မောင်ဝင်းက ပြောပါတယ်။  

လက်ရှိ ပြည်တွင်းမှာ Ventilator  စက်တန်ဖိုးက သိန်း ၁၃၀ လောက်အထိ ပေါက်ဈေး ရှိနေပေမယ့် ဈေးကွက်အတွင်းမှာ ဝယ်ယူဖို့ကတော့ ခက်ခဲနေပါတယ်။ အခုလို ဖန်တီးထုတ်လုပ်နိုင်ဖို့အတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အသက်ရှူစက်ပုံစံဒီဇိုင်းတွေကို  အင်တာနက်ကနေ အကြိမ်ပေါင်းများစွာ လေ့လာခဲ့တယ်လို့လည်းပြောပါတယ်။ 

စက်အတွက် ကုန်ကြမ်းပစ္စည်းတန်ဖိုးက ကျပ် ၁၀ သိန်း၊ ၁၅ သိန်းလောက်သာ ကုန်ကျပြီး ၂ ရက်၊ ၃ ရက်လောက်ပဲအချိန်ယူကာ လက်ရှိတော့ ရှေ့ပြေးပုံစံပြအနေနဲ့ အသက်ရှူကူစက် ၃ လုံး စမ်းသပ်ထုတ်လုပ်ထားပါတယ်။

UD Group အနေနဲ့ အခုလို အသက်ရှူစက်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာကမ်းလှမ်းဖို့ ရှိနေပြီး ပြည်တွင်းမှာ လိုအပ်ချက် ရှိလာရင် အသက်ရှူကူစက် ထောင်ချီအထိ ထုတ်လုပ်ပေးသွားဖို့ ရှိတယ်လို့ UD Group မှ ဦးခင်မောင်ဝင်းက ပြောပါတယ်။

လက်ရှိတော့ ဖန်တီးထုတ်လုပ်ထားတဲ့ စက်တွေကို မန္တလေးတိုင်းထဲက ကျန်းမာရေးဆိုင်ရာ ဌာနတွေနဲ့ ကျွမ်းကျင်သူတွေကို ပြသသွားပြီး စက်ပိုင်းဆိုင်ရာ အားသာချက်နဲ့ အားနည်းချက်တွေက ပြင်ဆင်ပြီး  လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

သတင်း - နန့်ခိုင်၊ ဓာတ်ပုံ- UD Group

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013