Home
မြန်မာသတင်း
ကျေးလက်နေ ပြည်သူများကို ထင်း၊ လောင်စာတောင့်နှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ဖြန့်ဝေ
DVB
·
April 6, 2020
92104602_2292208534413928_5879424750614216704_o
92098695_2292208311080617_6277333756688728064_o
91646026_2292208647747250_5698647584260751360_o
91619141_2292208354413946_1025879176604811264_o
91414232_2292208277747287_3929369088375128064_n
မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူတွေကို ထင်း၊ လောင်စာတောင့်နဲ့ စွမ်းအားမြှင့်မီးဖိုတွေ အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးစွန်ထွေးက "မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်နေပြည်သူတွေဖြစ်ပြီး လျှပ်စစ်မီး မရတဲ့နေရာတွေရှိနေတဲ့အတွက် ထင်းအစား အခြားလောင်စာ အသုံးပြုနိုင်တဲ့ စွမ်းအားမြှင့်မီးဖို ငါးသောင်းကျော် အခမဲ့ဖြန့်ဝေ ပေးခဲ့တာပါ။ စွမ်းအားမြှင့် မီးဖိုဟာ ၄၀ ရာခိုင်နှုန်းလောက် ထင်းကုန်သက်သာတဲ့အတွက် သစ်တောပြုန်းတီးမှုကို တဖက်တလမ်းက ကာကွယ်ပေးပါတယ်။”လို့ ပြောပါတယ်။  အစိုးရအနေနဲ့ သစ်တော သစ်ပင် မကုန်ရအောင် ရည်ရွယ်ပြီး လောင်စာတောင့် (၄၃) သိန်းကျော်၊ စိုက်ပျိုးရေး စွန့်ပစ်လောင်စာ တန်ချိန် ၄ သိန်းကျော် အခမဲ့ ဝေငှပေးခဲ့တာဖြစ်ပြီး သစ်ပင်တွေကို ပြုစုပေးတဲ့ ဓမ္မတာ မျိုးဆက်ခြင်းကထွက်ရှိလာတဲ ထင်းတွေ တစ်နှစ်ကို တန် ၂၅၀ လောက် အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ရေနံချောင်းမြို့နယ်၊ ရွာကြီးပြင်ရွာနေ ကိုမျိုးမင်းထွန်းက " ကျေးရွာနေ ပြည်သူတွေအတွက် အခုလိုမျိုး ထင်းဝေပေးတဲ့အတွက် ချက်ပြုတ်ဖို့ အဆင်ပြေပါတယ်။ ထင်းခုတ်လို့ရှိရင် သစ်တောပြုန်းတီးပြီး အခုလိုဝေငှပေးတော့ ထင်းခုတ်တာတွေမပြုလုပ်ဘဲနေရင် အပူဒဏ်ကို ကာကွယ်ပေးနိုင်တယ်လို့" ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ကျေးရွာသုံး ထင်းစိုက်ခင်း ၅၀၀ ဧက စိုက်ပျိုးထားပြီး ၅ နှစ်ပြည့်တာနဲ့ ကျေးရွာတွေကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024