DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာများ သွားလာနေထိုင်ခဲ့သည့်နေရာများ ကျန်းမာရေး ထုတ်ပြန်
DVB
·
April 4, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာများ သွားလာနေထိုင်ခဲ့သည့်နေရာများ ကျန်းမာရေး ထုတ်ပြန်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေ သိရှိနိုင်စေဖို့ လူနာတွေရဲ့ သွားလာနေထိုင်ခဲ့တဲ့နေရာတွေအပါအဝင် မြို့နယ်အဆင့် ကျန်းမာရေးထိ ဆက်သွယ် သတင်းပို့နိုင်မယ့် ဖုန်းနံပါတ်တွေကိုပါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖော်ပြလိုက်ပါတယ်။

COVID-19 Contact Tracing and Reporting Webpage ကို ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်လိုက်တာဖြစ်ပြီး ဓာတ်ခွဲအတည်ပြု COVID-19 ပိုးတွေ့ လူနာတယောက်ချင်းစီအလိုက် သွားလာနေထိုင်ခဲ့တဲ့ ခရီး နေရာတွေကို ဖော်ပြပေးထားပါတယ်။

ပြီးတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ Contact Person တွေကိုယ်တိုင် အွန်လိုင်းကတဆင့် ဗဟိုကို တိုက်ရိုက်သတင်းပေးပို့နိုင်မယ့် Reporting Form ကိုလည်း အဲဒီမှာ တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဌာနရဲ့ ဗဟို၊ တိုင်း၊ ပြည်နယ်၊ မြို့နယ်အလိုက် ဆက်သွယ်သတင်းပေးပို့နိုင်မယ့် ကျန်းမာရေးဌာနတွေရဲ့ ဖုန်းနံပါတ်စာရင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ https://www.mohs.gov.mm/Main/content/page/covid-19-contact ကိုဝင်ရောက်ကြည့်ရှုပြီး အတည်ပြုလူနာတွေနဲ့ ပတ်သက်ထိတွေ့ခဲ့လားဆိုတာ ကိုယ်တိုင် ဆန်းစစ်နိုင်ပြီး သက်ဆိုင်ရာကို သတင်းပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ တိုင်းနဲ့ ပြည်နယ် တာဝန်ခံတွေကလည်း COVID-19 Contact Person တွေ စာရင်းကို ဗဟိုကျန်းမာရေးဌာနဆီ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်ဖို့ Online Database စနစ်ကိုလည်း ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013