DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင်  COVID-19 စောင့်ကြပ်ကြည့်ရှုရေး စခန်း ၁၀ ခု တိုးချဲ့
DVB
·
April 2, 2020
ဘားအံမြို့နယ်တွင်  COVID-19 စောင့်ကြပ်ကြည့်ရှုရေး စခန်း ၁၀ ခု တိုးချဲ့
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာသူတွေအတွက် COVID-19 စောင့်ကြပ်ကြည့်ရှုရေး စခန်း ၁၀ ခု တိုးချဲ့ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောပါတယ်။

ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ဧပြီ ၁ ရက် မနက်က ပြုလုပ်တဲ့ ပြည်နယ်အဆင့် COVID-19 ကာကွယ်ရေးနဲ့ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မတ် ၃၀ ရက်ကစတင်ပြီး ဘားအံမြို့အနီး ထောင်ဝိ မိုးကုတ်ဝိပဿနာတရားစခန်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ လှာကမြင်မူလတန်းလွန်ကျောင်းနဲ့ အုန်းတပင်အထက်တန်းကျောင်းနေရာတွေမှာ ထားရှိ စောင့်ကြပ်ကြည့်ရှုထားပါတယ်။

တောင်ကလေးအထက်တန်းကျောင်း၊ ငြိမ်းချမ်းသာယာ မူးယစ်ဆေးဖြတ်စခန်း၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ လှာကာအထက်တန်းကျောင်းနဲ့ တန် ၉၀၀ အထက်တန်းကျောင်းအပါအဝင် စောင့်ကြပ်ကြည့်ရှုရေးနေရာ ၁၀ ခုကို ထပ်မံ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူဦးရေ ၁၃၀၀ ကျော်လက်ခံ စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောပါတယ်။

"အခု စောင့်ကြပ်ကြည့်ရှုရေး နေရာ ၁၀ ခုထားရှိတယ်။ ပထမက နေရာ ၄ ခုကနေပြီး အခု ၆ ခုနဲ့ဆို ၁၀ ခုရှိသွားပြီ။ ထပ်ရောက်လာမယ်သူတွေကို ကျန်တဲ့နေရာတွေမှာ ထားရှိသွားမယ်။” 

မြဝတီနယ်စပ်ကနေ ပြန်လည်ဝင်ရောက်လာသူတွေကို COVID-19 နဲ့ပတ်သက်ပြီး စောင့်ကြည့်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း စီမံ ဆောင်ရွက်ထားသလို ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အရေးပေါ် လူနာတွေအတွက် ဘားအံပြည်သူဆေးရုံကြီးကို စေလွှတ်ကုသနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ ကျော်စွာမြင့်က “ရပ်ရွာတိုင်း ရပ်ရွာတိုင်းမှာ ပြည်တော်ပြန်တွေ ဆွဲထည့်ဖို့မဟုတ်ဘူး။ အသစ်လာမယ့်လူတွေ အဲလို သီးသန့်လေးထားပေးလို့ရှိရင် ပိုပြီးကောင်းတဲ့ အနေအထား ကျော်လွှားနိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေဟာ ဒီကနေ့အထိ ထောင်ဝိ မိုးကုတ်ဝိပဿနာရိပ်သာ မှာ ၁၃၈ ဦး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ၁၂၂ ဦး၊ လှာကမြင် မူလတန်းလွန်ကျောင်းမှာ ၄၇ ဦး၊ အုန်းတပင်အထက်တန်းကျောင်းမှာ ၁၀၇ ဦး၊ တောင်ကလေးအထက်တန်းကျောင်းမှာ ၁၀၃ ဦးရှိပြီး ကျန်းမာရေး သီးသန့်စောင့်ကြပ်ရှုတာအပြင် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။

 

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013