DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် COVID-19 ရောဂါကပ်ဘေးကာလ မိုဘိုင်းလ်ဆက်သွယ်ခနှုန်းများ လျှော့ချပေး 
DVB
·
April 1, 2020
မြန်မာနိုင်ငံတွင် COVID-19 ရောဂါကပ်ဘေးကာလ မိုဘိုင်းလ်ဆက်သွယ်ခနှုန်းများ လျှော့ချပေး 
Donate to DVB

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ နေအိမ်မှာပဲနေသူတွေအဆင်ပြေအောင် မိုဘိုင်းလ်ဆက်သွယ်ခ နှုန်းတွေလျှော့ပေးဖို့အတွက် မိုဘိုင်းလ်အော်ပရေတာတွေကို တိုက်တွန်းခဲ့ပြီးနောက်  အခုတော့ လျှော့ပေးလိုက်ပြီလို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

လက်ရှိကာလမှာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေဖို့၊ Work From Home လုပ်နေသူတွေအတွက် ဆက်သွယ်ရေးကိစ္စတွေ အဆင်ပြေစေဖို့တို့ကိုရည်ရွယ်ပြီး မိုဘိုင်းလ်အော်ပရေတာတွေကို သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို မတ် ၂၇ ရက်ကနေ ဇွန် ၃၀ ရက်အထိ ဖြေလျှော့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်း ကိုယ့်ရဲ့ အကျိုးစီးပွားကို အဓိက မထားဘဲ အများပြည်သူတွေ သက်သာတဲ့ နှုန်းနဲ့ သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားတွေ လျှော့ချပေးဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖုန်းငွေဖြည့်တဲ့ ပမာဏရဲ့ ထက်ဝက်အပိုထပ်ထည့်ပေးတာကို  တပ်မတော်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ကတော့ မတ်လ ၃၀ ရက်ကနေ စတင်ပြီး  ဝန်ဆောင်ခနှု န်းထားတွေကို ငွေဖြည့်ပမာဏ ရဲ့ ၅၀ ရာခိုင်နှုန်း အပိုဆောင်းပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လက်တလောအခြေအနေအရ ဘယ်လောက်ပမာဏအထိ လျော့ချပေးဖို့ကတော့ တခြားအော်ပရေတာအချင်းချင်း ညှိနှိုင်းထားတာတော့ မရှိသေးဘူးလို့ Mytel ကုမ္ပဏီ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။  

တယ်လီနောကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.mohs.gov.mm ကိုဝင်ကြည့်တာအတွက် ဒေတာ မကောက်ဘူးလို့ ဆိုပါတယ်။

အော်ရီဒူးကတော့ အော်ရီဒူးအချင်းချင်း တလလုံး အကန့်အသတ်မရှိ ဖုန်းပြောဖို့အတွက် ၉၉၉ ကျပ်၊ ဒေတာ ၁၀၂၄ မီဂါဘိုက်အတွက် ၉၉၉ ကျပ်ကနေ ၂၀၄၈၀ မီဂါဗိုက်အတွက် ၉၉၉၉ ကျပ် စသည်ဖြင့် လျှော့ပေးလိုက်ပြီး ဖုန်းငွေဖြည့်တိုင်းမှာလည်း ဖြည့်တဲ့ ပမာဏရဲ့ တဆခွဲအထိ အပိုဆောင်းရမယ့် အစီအစဉ်ကို မတ် ၃၁ ရက်မှာ စတင်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီကတော့ ဧပြီ ၁ ရက်မှာမှ သူတို့ရဲ့ အစီအစဉ်တွေကို စတင်လိုက်ပြီး အမ်ပီတီ အချင်းချင်း ပထမ ၅ မိနစ်စာခေါ်ဆိုတာအတွက်ပဲ ခေါ်ဆိုခ ပေးရမှာဖြစ်ပြီး နောက်ထပ် ၅၅ မိနစ်အထိ အခမဲ့ ပြောနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်၊ အလဲဗင်းမီဒီယာဂရုပ် ဝက်ဘ်ဆိုဒ်၊ ဆဲဗင်းဒေးသတင်းဝက်ဘ်ဆိုဒ်၊ ဧရာဝတီသတင်းဝက်ဘ်ဆိုဒ်၊ မြန်မာတိုင်းမ် သတင်းဝက်ဘ်ဆိုဒ်နဲ့ Myanmar Medical Association ရဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.mmacentral.org တို့ကို ဝင်ကြည့်မယ် ဆိုရင် ဒေတာမကောက်ဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ပွားနေတဲ့  COVID- 19 ဂယက်ကြောင့် မိုဘိုင်းဒေတာ သုံးစွဲသူတွေဟာ အိမ်တွင်းမှဘဲ  အလုပ်လုပ်ကိုင်နိုင်သလို ကျောင်းသူကျောင်းသားတွေကလည်း အွန်လိုင်းကနေ ပညာသင်ယူ နိုင်စေဖို့   ဆက်သွယ်ရေးလုပ်ငန်းတွေက မိုဘိုင်း ဒေတာဈေးနှုန်းဖြေလျော့ပေးတာတွေကို လုပ်ဆောင်နေပါ တယ်။

မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်အနေနဲ့  မိုဘိုင်းဒေတာ အသုံးပြုသူတွေ သက်သာစွာ သုံးစွဲနိုင်ရေးအတွက်   Price Floor ( ကြမ်းခင်းဈေးနှုန်း ) သတ်မှတ်တာတွေ ဖြေလျော့ပေးဖို့ ဆက်သွယ်ရေး ‌အော်ပရေတာတွေနဲ့  ညှိနှိုင်းတိုင်ပင်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မိုးက  ပြောပါတယ်။

ဒါ့ပြင် COVID- 19   ကာကွယ်ရေးအတွက် လုပ်ဆောင်နေတဲ့ ဌာနတွေအတွက် နည်းပညာပံ့ပိုးတာ ပြည်သူတွေ သတင်းအချက်အလက်  မြန်မြန်သိရှိနိုင်အောင် Web Portal တစ်ခုတည်ဆောက်ရေးကို ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ 

သတင်း- နန့်ခိုင်/ ပိုင်စိုး၊ ဓာတ်ပုံ- MPT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013