DVB Logo
Home
မေးမြန်းခန်း
အမေရိကန်သံအမတ်ကြီး ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အချို့နှင့် တွေ့ဆုံ
DVB
·
March 29, 2013
အမေရိကန်သံအမတ်ကြီး ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အချို့နှင့် တွေ့ဆုံ
Donate to DVB

ရန်ကုန်မြို့ အမေရိကန်သံရုံးက သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ်ဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်တချို့နဲ့ သွားရောက်တွေ့ဆုံပြီး လက်တလော ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_29080" align="alignleft" width="300" caption="ဦးဌေးဦး"][/caption]

အမေရိကန်သံအမတ်က လာတွေ့တယ်လို့ သိရပါတယ်။ သူလာတွေ့တာဟာ လတ်တလောဖြစ်နေတဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ပါလား။


“အဲဒါလည်း ပါပါတယ်။ နောက် ဒီမိုကရေစီလမ်းကြောင်းမှာ သွားနေတဲ့အပေါ်မှာ ကျနော်တို့ပါတီတွေရဲ့ သဘောထားတွေလည်း ပါတယ်။ ကျနော်တို့ပါတီတင်မဟုတ်ပါဘူး။ ပါတီတွေအားလုံးနဲ့ ကျနော်တို့ပါတီရဲ့ ဆက်ဆံရေး အခြေအနေပေါ့။ ဒါနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။ ပါတီတွေအားလုံးက နိုင်ငံနဲ့ပြည်သူအတွက် လုပ်ဆောင်ကြမယ်လို့ ယုံတယ်။ အားလုံးကို လုပ်ဖော်ကိုင်ဖက်တွေလိုပဲ သဘောထားပြီး လွှတ်တော်အတွင်းရော၊ ပြင်ပရော ဆောင်ရွက်နေတယ်ဆိုတာ ရှင်းပြတယ်။ မိတ္ထီလာဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဒါကို ဘယ်သူမှ သဘောမကျဘူး။ သူတို့လည်း သဘောမကျသလို ကျနော်တို့လည်း သဘောမကျပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရအောင်နဲ့ ပုံမှန် အခြေအနေ ပြန်ရောက်အောင်ဆိုတာတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။”

အမေရိကန်သံအမတ်က ပါတီတွေအများကြီးရှိတဲ့အထဲက အာဏာရပြည်ခိုင်ဖြိုးပါတီကို လာတွေ့တာကရော ဘယ်လိုသဘောလို့ ပြောလို့ရမလဲ။

“အာဏာရပါတီဆိုတာထက်စာရင် အနိုင်ရတဲ့ပါတီပေါ့။ ဟိုအရင်ကလည်း တွေ့ဖူးတယ်။ အခုလဲ ကျနော်တို့နဲ့ လာဆွေးနွေးတဲ့သဘော ဖြစ်ပါတယ်။”

အဓိကရုဏ်းနဲ့ပတ်သက်လို့ ပါတီကဘာတွေလုပ်နေလဲဆိုတာ မေးမြန်းစုံစမ်းတာလား။ ဒါမှမဟုတ် ပါတီဝင်တွေပါနေလို့ လာပြောတာလား။ အဲသဘောပြောရမလား။

“မဟုတ်ပါဘူး။ ကျနော်တို့ပါတီကနေ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှုရှိအောင် ပုံမှန်အခြေအနေရောက်အောင် ဆောင်ရွက်နေတာလည်း သူတို့ သတင်းတွေလည်း ကြားမှာပေါ့လေ။ သူတို့လည်း ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မလိုလားဘူး။ သူတို့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောနဲ့ ပြောတာပါ။”

အန်ကယ်တို့ပါတီဝင်တွေရော အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေမှာ ပါနေတယ်လို့ သတင်းတွေ ကြားထားလား။ အောက်ခြေပါတီဝင်တွေ ပါဝင်တာ တွေ့ထားရလား။

“မရှိပါဘူးဗျ။”

ဒီနေ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“လက်ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်းဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးတာပေါ့။ သူတို့လည်း ဒီလမ်းကြောင်းကို အားပေးထောက်ခံတဲ့သဘော ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013