(၁၄) ကြိမ်မြောက်ထီဖွင့်ပွဲတွင် သိန်းတစ်သောင်းခွဲဆုကို ဗ-၄၉၄၅၇၈ နံပါတ်က ဆွတ်ခူး

(၁၄) ကြိမ်မြောက်အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲမှာ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆုကို ဗ-၄၉၄၅၇၈ က ဆွတ်ခူးရရှိသွားပါတယ်။
ဒီကနေ့ မနက်ပိုင်းက အောင်ဘာလေထီဆုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ပါတယ်။
ကျပ်သိန်းတစ်သောင်းဆုကိုတော့ (ကက-၅၉၂၃၀၂) နံပတ်၊ ကျပ်သိန်းငါးထောင်ဆု ကိုတော့ (ဘ-၂၈၇၂၅၁)နဲ့ (ကက-၈၄၁၅၂၂) နံပတ်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။
(၁၄)ကြိမ်မြောက်ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ ထီစာအုပ်စုစုပေါင်း ၃၂၇၀,၀၀၀ ကျော်ကို ကုန်စင်အောင်ရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ သိရပါတယ်။











