DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်
DVB
·
April 1, 2020
ရေးမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတွေအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်ထားရှိပြီး အသွားအလာကန့်သတ် ကျန်းမာရေး စောင့်ကြည့်စစ်ဆေး ဆောင်ရွက်နေပါတယ်။

မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အခြားသင့်တော်တဲ့နေရာတွေမှာ ၁၄ ရက် စခန်းတွေ ဖွင့်လှစ်ထားရှိကာ ဆောင်ရွက်နေတာပါ။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက '' စောင့်ကြည့်ရေးစခန်းရဲ့ စားသောက် နေထိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး စီစဉ်ပေးတာတွေရှိသလို သူတို့အစီအစဉ်နဲ့ သူတို့ စားသောက်နေကြတာတွေလည်းရှိတယ်။  ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုအနေနဲ့ကတော့ စခန်းတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ထားရှိပါတယ်။ စခန်းကိုမလာရောက်သေးတဲ့ သူတွေကိုလည်း စည်းရုံးရေးနည်နဲ့ ဆောင်ရွက်နေသလို လိုအပ်ရင် ရဲတပ်ဖွဲ့အကူအညီနဲ့ ဆောင်ရွက်သွားမယ်''လို့ ပြောပါတယ်။

မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စခန်းအသီးသီးသို့လာရောက်စောင့်ကြည့်ခံနိုင်ဖို့အတွက် လှည့်လည်နှိုးဆော်နေပြီး သက်ဆိုင်ရာက လက်လှမ်းမမှီတဲ့ မြို့ဝင်ပေါက်တွေမှာပါ စောင့်ကြည့်စစ်ဆေးခြင်းတွေအပြင် သက်ဆိုင်ရာ ကျန်းမာရေးဌာနအတွက် အထောက်အကူပြုနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်နေကြပါတယ်။

ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ''ကိုယ့်ဒေသကနေ အချိန်တော်ကြာကင်းကွာခဲ့ပြီး နေရပ်ပြန်လာခဲ့သူတွေအနေနဲ့ ပြည်တွင်း ပြည်ပ ဘယ်နေရာကပဲ ပြန်ပြန် သက်ဆိုင်ရာကို အခြေအနေအမှန်ပြောပြပြီး သတင်းပို့သင့်ပါတယ်။ အရပ်ဘက်အဖွဲ့တွေကလည်း လိုက်လံနှိုးဆော်ပေးနေသလို ပြန်လာကြသူတွေအနေနဲ့လည်း သတင်းပို့ဖို့ တိုက်တွန်းလိုပါတယ်။ ဘေးနားကတိုင်လို့ သက်ဆိုင်ရာက သွားစစ်မှ သိရတာဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာ မဖြစ်စေလိုလို့ပါ "လို့ ဒီဗွီဘီကို ပြောပါတယ်။

မနေ့ညနေပိုင်းအထိ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ရတဲ့ စာရင်းအရ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသူ ၇၀၀ နီးပါးကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ တွေမှာဖွင့်လှစ်ထားတဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ ထားရှိတယ်လို့ သိရပါတယ်။

သတင်း- ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013