DVB Logo
Home
မြန်မာသတင်း
Asiamoney ကရွေးချယ်သည့် အကောင်းဆုံးပြည်တွင်းဘဏ်ဆု CB Bank ရရှိ
DVB
·
March 31, 2020
Asiamoney ကရွေးချယ်သည့် အကောင်းဆုံးပြည်တွင်းဘဏ်ဆု CB Bank ရရှိ
Donate to DVB

       နာမည်ကျော် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Asiamoney ကရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ် အကောင်းဆုံး ပြည်တွင်းဘဏ်ဆုအပါအဝင် ဆု ၃ ခုကို CB Bank က ရရှိပါတယ်။

       သက်ဆိုင်ရာကဏ္ဍအလိုက် ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုတွေထဲမှာ CB Bank က အကောင်းဆုံး ပြည်တွင်းဘဏ်ဆု-Best Domestic Bank ၊ Best Digital Bank ၊ Best Corporate and Investment Bank ဆုတွေ ရရှိသွားတာပါ။

       ဗြိတိန်အခြေစိုက် Asiamoney မဂ္ဂဇင်းကို ၁၉၈၉ ခုနှစ်မှာ စတင်တည်ထောင်တာဖြစ်ပြီး ပုံမှန် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေနဲ့  ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို အဆင့်သတ်မှတ်တာစတဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းနဲ့ ပုံနှိပ်မီဒီယာအသွင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

       တခြားကဏ္ဍအလိုက်ဆုတွေမှာတော့ မနှစ်က အကောင်းဆုံး ပြည်တွင်းဘဏ်ဆု အပါအဝင် ဆု ၂ ဆုရရှိတဲ့ ကမ္ဘောဇဘဏ်က Best Bank for CSR ဆု၊ ဧရာဝတီဘဏ်က Best Bank for SMEs ဆု၊ OCBC ဘဏ်က Best International Bank ဆု၊ Dawn အဖွဲ့က  Best for Microfinance ဆုတွေ အသီးသီး ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013