DVB Logo
Home
မြန်မာသတင်း
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
DVB
·
March 31, 2020
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုစစ်တွေမြို့မရဲစခန်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ မြို့မရဲစခန်း ရဲအရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။

မတ်လ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မရဲစခန်းမှာ   SB အထူးရဲတပ်ဖွဲ့ဝင်တွေက လာရောက်အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ စစ်တွေမြို့မရဲစခန်းက ရဲ အရှိတဦးကပြောပါတယ်။

နိရဉ္စရာသတင်းဌာနမှာ ရက္ခိုင့်တပ်တော်အေအေပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးတွေကို ထုတ်လွှင့်ထားတဲ့အတွက် အကြမ်းဖက်  တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) / ၅၂(က) တို့နဲ့ အမှုဖွင့်တာလို့ ရဲအရာရှိက ပြောပါတယ်။

အလားတူ မန္တလေးမြို့က Voice Of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကိုလည်း မတ်လ ၃၁ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀ (က) ၅၂ (က) နဲ့  အမှုဖွင့်ချုပ်ရမန်ယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013