DVB Logo
Home
သတင်းတို
တိုက်ခန်းပြန်ရရေး အိုးအိမ်ဦးစီးဌာနရှေ့ ဆန္ဒထုတ်ဖော်
DVB
·
March 29, 2013
တိုက်ခန်းပြန်ရရေး အိုးအိမ်ဦးစီးဌာနရှေ့ ဆန္ဒထုတ်ဖော်
Donate to DVB

ရန်ကုန် ပန်းဘဲတန်းမြို့နယ် ၂၈ လမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ နေထိုင်ခဲ့ကြတဲ့ တိုက်ခန်းပိုင်ရှင်တွေဟာ သူတို့အခန်းတွေ ပြန်ရဖို့ ဒီနေ့ မနက် ၁၁ နာရီက ဗိုလ်ချုပ်လမ်းရှိ မြို့ရွာအိုးအိမ်ဦးစီးဌာန မျက်နှာချင်းဆိုင် ပလက်ဖောင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ၂၈ လမ်းနဲ့ ကုန်သည်လမ်းထောင့် အဆောက်အဦတွေမှာ နေထိုင်စဉ် ၂၀၀၉ နှစ်ကုန်မှာ မြို့တော်စည်ပင်ရဲ့ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ၂၀၁၀ မတ်လ မှာတော့ အခန်းတွေကနေ ဖယ်ရှားပေးခံရပြီး အိုးအိမ်ဦးစီဌာန တာဝန်ရှိသူတွေထံ တိုက်ခန်းသော့တွေ အပ်ခဲ့ရပါတယ်။

ခုအခါ အဆိုပါ အဆောက်အဦကို ဖြိုဖျက်ပြီး အသစ်ပြန်လည် ဆောက်လုပ်နေပေမယ့် မူလအခန်းမှာ နေထိုင်တဲ့ သူတို့ကို အခန်းပြန်မပေးတာကြောင့် အခုလို ဆန္ဒပြရတာ လို့ ကိုယ်တိုင်ပါဝင်သူ တဦးက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013