Home
မြန်မာသတင်း
ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှ နွမ်းပါးမိသားစု ၂၀၀၀ ကို အခြေခံစားကုန်များ လှူဒါန်း
DVB
·
March 30, 2020
91658037_1667630360043500_4041702274374828032_n
91292571_1667630323376837_881760410821197824_n
91284026_1667630480043488_610542675006849024_n
91252903_1667630253376844_5024520761704972288_n
91194756_1667630666710136_3227798408345419776_n
91179550_1667630270043509_1368696748842680320_n
90948932_1667630543376815_5846325589442560000_n
90631954_1667630493376820_6558845738837606400_n
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းက နွမ်းပါးမိသားစု ၂၀၀၀ကို ဆန်၊ ဆား၊ ဆပ်ပြာ၊ ကြက်ဥ စတဲ့အခြေခံစားသောက်ကုန်တွေကို စက်မူဇုန်လုပ်ငန်းရှင်တွေက စုပေါင်းလှူဒန်းခဲ့ပါတယ်။ "အခုလှူတာက ကြိုပြီးစာရင်းကောက်ထားပြီး ကတ်ပြားတွေပေးထားတဲ့ ရွှေလင်ဗန်း စက်မှုဇုန်ထဲက နွမ်းပါးကျူးကျော်အိမ်ခြေ ၂၀၀၀ ကို ဝေပေးတာပါ။ ပေးဝေမှုက တစ်အိမ်ထောင်ကို ဆန် ၂ ပြည်၊ ကြက်ဥ ၅ လုံး၊ ကာပေါ်လစ်ဆပ်ပြာခဲတစ်ခဲ၊ ဆီကတော့ နောက်တပတ်မှ ရောက်မှာမို့ အဲ့ကြမှထပ်ဝေမယ်"လို့ ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီက ဦးငွေအောင်က ပြောပါတယ်။ မတ်လ ၃၀ ရက်နေ့ ပေးလှူမှုအပြင် မတ်လ ၃၁ ရက်နေ့မှာလည်း အခြေခံ စားသောက်ကုန်တွေကို ဆန်တစ်ပြည်ထောင်၊ ဆီတစ်ဗူးတစ်ထောင် စတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024