Home
မြန်မာသတင်း
မြန်မာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်အားလုံးကို ဆင်းသက်ခွင့် ယာယီရပ်ဆိုင်း 
DVB
·
March 30, 2020
69971823_2331084680340222_922203489327644672_n-622x467
မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံတကာခရီးသည်တင်လေယာဉ်အားလုံးကို မြန်မာနိုင်ငံက လေဆိပ်တွေမှာ ဒီနေ့အထိပဲ ဆင်းခွင့်ပြုတော့မယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံထဲကို COVID-19 ရောဂါ လေကြောင်းကနေတဆင့် ဝင်မလာစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်တာဖြစ်တယ်လို့ ဦးစီးဌာနရဲ့စာမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းက ဘယ်လေဆိပ်မှာမဆို နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေကို မတ် ၃၀ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိပဲ ဆင်းခွင့်ပြုမှာဖြစ်ပြီး ဧပြီ ၁၃ ရက်အထိ ယာယီဆိုင်းငံ့တယ်လို့ ဆိုထားပါတယ်။ ဒီယာယီဆိုင်းငံ့တာမှာ ကယ်ဆယ်ရေးလေယာဉ်တွေ၊ ကုန်တင်လေယာဉ်တွေ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အထူးခွင့်ပြုချက်နဲ့ ဆင်းသက်မယ့် လေယာဉ်တွေတော့ မပါပါဘူး။ ဆိုက်ရောက်လာတဲ့လေယာဉ်တွေအနေနဲ့လည်း ညအိပ်ရပ်နားခဲ့မယ်ဆိုရင်တော့ လေယာဉ်ပေါ် ပါလာသူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ စောင့်ကြပ် ကြည့်ရှုခံရမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကိုတော့ မတ် ၂၉ ရက်ကစပြီး ပြည်ဝင်ခွင့်ဗီဇာတွေပိတ်လိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သံတမန်တွေ၊ ကုလသမဂ္ဂ ဝန်ထမ်းတွေ၊ လေယာဉ်မှူးတွေ၊ သင်္ဘောအရာရှိတွေ စတဲ့တာဝန်ရှိ အမှုထမ်းတွေကိုတော့ ပြည်ဝင်ခွင့် ဗီဇာပေးမှာဖြစ်ပြီး သံတမန်နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားသူအားလုံးကို ဗီဇာ ကင်းလွတ်ခွင့် ယာယီ ရပ်ဆိုင်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024