DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံအမတ် ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာ
DVB
·
March 28, 2013
အမေရိကန်သံအမတ် ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာ
Donate to DVB

မြန်မာနိုင်ငံရောက် အမေရိကန်တာဝန်ရှိသူတွေဟာ ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့ကို မတ် ၂၀ ရက်နေ့က သွားရောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် ပဋိပက္ခနဲ့ တည်ငြိမ်အေးချမ်းမှုရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖရန်ဒရစ် ဒူးရယ်လ် ဘာတန် (Mr.Frederick Durrie Barton) နဲ့အတူ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ်တို့ လိုက်ပါလာခဲ့ကြပါတယ်။

[caption id="attachment_37919" align="alignright" width="300" caption="ဒေသခံကရင်နီကလေးများနဲ့အတူတွေ့ရစဉ် (Photo_ U.S Embassy Rangoon)"][/caption]

ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကြရာမှာ  ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်တွေနဲ့ မြေမြှုပ်မိုင်းသင့်သူတွေအတွက် အထောက်အပံ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက "နယ်မြေစုံ မရောက်ဖူးလို့ နယ်မြေစုံရောက်အောင်လာတယ်။ ပြည်နယ်အစိုးရနဲ့ တွေ့တယ်။ အပြင်က အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းနဲ့ တွေ့မယ်။ ပြီးရင် အသံတွေ နားထောင်သွားမယ်။ ဗဟုသုတအနေနဲ့ လာတာပါ။ ပြည်နယ်အစိုးရနဲ့က ငြိမ်းချမ်းရေးလုပ်တဲ့ လုပ်ငန်းစဉ်တို့၊ မြေမြှုပ်မိုင်းရှင်းလင်းရေးတို့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အကူအညီပေးရေးတို့ စတာတွေ ကမ်းလှမ်းသွားတယ်" လို့ ပြောပါတယ်။

ထို့နောက် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) အဖွဲ့၊ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပန်ကန်းရွာမှာ တွေ့ဆုံခဲ့ကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ ခူဒယ်နီယယ်က "အဓိကကတော့ ဒီပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ဘယ်လိုရှိလဲ ဆိုတာတွေပေါ့။ နောက်ပြီးတော့ ဒီအဖွဲ့အစည်းတွေ အချင်းချင်းက အခြေအနေဘယ်လိုရှိလဲ။ အဲဒါပဲ အဓိက ဆွေးနွေးတယ်။ နောက်ပြီးတော့ ဘာတွေ ဆက်လုပ်မလဲပေါ့။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာတွေ ဆက်လုပ်လဲပေါ့" လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဒေသတွင်း လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပြတိုက်နဲ့ တက္ကသိုလ်ကျောင်းထိ သွားရောက်လေ့လာခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013